မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှုကြောင့် တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ လမ်းကျွံကျခြင်းဖြစ်ပေါ်

 

ကျိုင်းလပ်   ဩဂုတ်      ၁၁


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့၌ ယနေ့ နံနက် ၆ နာရီခွဲက   မိုးရွာသွန်းမှုနှင့်   ရေစီးဆင်းမှုများခြင်းကြောင့် တာလေ-ကျိုင်းလပ်သွား  ကားလမ်းမကြီး၌ လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့သည်။


ကျိုင်းလပ်မြို့   နမ့်ခင်းကျေးရွာအုပ်စု   ပန်ပဲအောက် ကျေးရွာနှင့် ဝမ်တုံကျေးရွာအကြား တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး (ကီလိုမီတာ ၁၃-၁၄ အကြား)ရှိ အကျယ် ပေ ၃၀ ၊ အရှည် ငါးပေခန့်ရှိ သော တံတားအမှတ် ၁/၁၄ မှာ မိုးရွာသွန်းမှုများပြား၍  ရေစီးဆင်းမှုများခြင်းကြောင့်    သုံးပေ ခန့် လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


 ကျော်ဇေယျာလင်း (ပြန်/ဆက်)