
နေပြည်တော် ဇူလိုင် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီ ဌာနပေါင်းစုံ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ ညနေပိုင်းက နေပြည် တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံးအားကစားကွင်း၌ ကျင်းပ ရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များနှင့် ဝန်ထမ်းများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်ကိုယ်စားပြု ဘောလုံး အားကစားသမား နိုင်ငံ့ဝန်ထမ်း များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပရိသတ် များက စိုက်ပျိုးရေးဦးစီးဌာန အသင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနအသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များက ဒုတိယ ဆုရ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအသင်းနှင့် တတိယဆုရ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အသင်းတို့ကို လည်းကောင်း၊ ဂိုးသွင်း အများဆုံးဆုနှင့် အကောင်းဆုံးအားကစားသမားဆုများကိုလည်းကောင်း ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပထမ ဆုရ စိုက်ပျိုးရေးဦးစီးဌာနအသင်း ကို ပထမဆုဖလားနှင့် တစ်ဦးချင်း ဆုများကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
သတင်းစဉ်