မြို့ပြတည်ဆောက်ရေးတွင် ရေဖူလုံစွာရရှိရေးနှင့် အသုံးချနိုင်ရေး၊ ပညာရည်သင်ကြားမှုစနစ်မြင့်မားရေး၊ ကျန်းမာရေးဆိုင်ရာနှင့် သယ်ယူပို့ဆောင်မှုစနစ်များ ကောင်းမွန်မှုရှိရန် ထည့်သွင်းစဉ်းစားရမည်

နေပြည်တော်   စက်တင်ဘာ   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင်  မန္တလေး တိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ပြင်ဦးလွင်မြို့နယ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီဝင်များဖြစ်ကြသည့်   ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊   ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊     ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊   ဦးလှမိုး၊   ဦးခင်မောင်ရီ၊   မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ    မြို့တော်ဝန်   ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊    ဌာနဆိုင်ရာဝန်ထမ်းများ၊    မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာအုပ်စု                    

 


စီမံခန့်ခွဲရေးကောင်စီ      ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့်   အဖွဲ့ဝင်များက  ကြိုဆို နှုတ်ဆက်ကြသည်။  ထို့နောက်  အစည်း အဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီး ချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု  အခြေ အနေများ၊ ဝန်ထမ်းအိမ်ရာများနှင့် မြို့ပြ အိမ်ရာစီမံကိန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်  အထွေထွေ အချက် အလက်များကို      ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး      စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း က       စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှု     အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ 
ထို့နောက် ပြင်ဦးလွင်ခရိုင် အုပ်ချုပ် ရေးမှူး   ဦးတင်မောင်ဝင်းက ဒေသဆိုင်ရာ အချက်အလက်များနှင့်  ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို တင်ပြသည်။


ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်


 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မန္တလေး တိုင်းဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည်များကို တွေ့ဆုံဆွေးနွေးလို သည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၌ အခြားကမ္ဘာ့နိုင်ငံများ နည်းတူ  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုနှုန်း     မြင့်မားစွာဖြစ်ပေါ်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်ကိုလည်း ကူးစက်ဖြစ်ပွား မှုနှုန်း   မြင့်တက်လျက်ရှိသည့်အတွက် ဇူလိုင်လကတည်းက နေအိမ်တွင် နေထိုင် ရေး(Stay at Home)   အစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး  ကူးစက်ခံရသူ အနေဖြင့် စက်တင်ဘာ ၁၅ ရက်နေ့အထိ ၄၃၀၀၀၀ ကျော်  ရှိပြီဖြစ်ပြီး ကူးစက်မှုနှုန်း  ယခင်ကထက်ကျဆင်း လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်၊    ပညာရေးမြို့တော်ဖြစ်ပြီး   ရောဂါကူးစက် ဖြစ်ပွားမှုကြောင့်  စီးပွားရေး အခြေအနေ များ အရှိန်အဟုန်  ရပ်တန့်ခဲ့ရခြင်းဖြစ် ကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျ လာမှသာလျှင်    တင်းကျပ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ ပေးရမည်ဖြစ်သဖြင့်    ရောဂါကူးစက် ဖြစ်ပွားမှု     လျော့ကျလာအောင်  ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။


ကျဆင်းလျက်ရှိ


ကိုဗစ်-၁၉ တတိယလှိုင်းသည် ဇွန်လ နှင့် ဇူလိုင်လတို့တွင် ဖြစ်ပွားမှုနှုန်း မြင့်မား လာခဲ့သဖြင့် ရောဂါကူးစက်မှုနှုန်း မြန်ဆန် ပြင်းထန်လာမှုကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များအား  ပိုမိုထိရောက်စွာ   ဆောင်ရွက်နိုင် ရန် မိမိကိုယ်တိုင်ဦးဆောင်၍ ဗဟိုအဆင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပြုလုပ်ပြီး ဖိဖိစီးစီး ထိထိ မိမိဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခု အချိန်တွင် အတိုင်းအတာတစ်ခုအထိ ကျဆင်းလျက်ရှိသည်ကို  တွေ့ရှိနိုင်မည် ဖြစ်ကြောင်း၊ သို့သော်လည်း အချို့ ပြည်နယ် နှင့် တိုင်းများတွင် ကူးစက်မှုနှုန်း များပြား လျက်ရှိနေသည်ကို တွေ့ရှိနေရကြောင်း၊ ထို့ကြောင့်  ရောဂါ ကူးစက်မှုစစ်ဆေးရာ တွင်  နယ်ပယ်ပေါင်းစုံတွင်  ကြပ်မတ် စစ်ဆေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး  စာရင်းဇယားအားဖြင့်သာ ကူးစက်မှုအရေ အတွက် ကျဆင်းခြင်း မဟုတ်ဘဲ မြေပြင် အမှန်တကယ်    ကျဆင်းမှုဖြစ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါ  ကူးစက်ဖြစ်ပွားမှု များကို ယခုနှစ် အစောပိုင်းကာလများ ကတည်းက   အလေးထားဆောင်ရွက်ခဲ့ သော်လည်း ကျန်းမာရေးဝန်ထမ်း အခက် အခဲများကြောင့် ဖိဖိစီးစီးဆောင်ရွက်နိုင်မှု အားနည်းမှုများရှိခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့်   ပါတီနိုင်ငံရေး  ကင်းရှင်း ရမည်ဖြစ်ပြီး မိမိ၏ နိုင်ငံ့ဝန်ထမ်းလုပ်ငန်း တာဝန်များနှင့် ပါတီနိုင်ငံရေးကို ခွဲခြား သိမြင်ရမည်ဖြစ်ကြောင်း၊  မသမာသော သူများ၏  ခြိမ်းခြောက်မှုများအရ အစိုးရ ကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုများ၊ တာဝန်ဝတ္တရား     လစ်ဟင်းမှုများကို နားလည်နိုင်သော်လည်း    မိမိတစ်ဦး တစ်ယောက်၏ ပါတီနိုင်ငံရေး  ခံစားချက် များကြောင့်  နိုင်ငံသူ  နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍ ပေါင်းစုံတွင် နစ်နာမှုများ မဖြစ်ပေါ်ရန် လိုကြောင်း၊   ထို့ကြောင့်  ကျန်းမာရေး ဝန်ထမ်းများကို      ကြေညာချက်များ ထုတ်ပြန်၍ ပြန်လည်ထမ်းဆောင်နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း။


ပိုမိုစွာထုတ်လုပ်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ကာကွယ် ဆေးများ   ရရှိရေးအတွက်လည်း အထူး အလေးထားလုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေး များ  ဝယ်ယူရရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ   ကာကွယ်ဆေး များ   ဆက်တိုက် ရောက်ရှိလာလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို  ဆေးထိုးပြီးဖြစ်စေရေး မျှော်မှန်း  လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် အောက်ဆီဂျင်လိုအပ်ချက်များကိုလည်း  မရ ရသည့် နည်းလမ်းများဖြင့် ပြည်ပမှ မှာယူခြင်း၊ ပြည်တွင်းရှိ    စက်ရုံ၊   အလုပ်ရုံများမှ ထုတ်လုပ်ခြင်းများဖြင့်  ဘက်ပေါင်းစုံမှ ရရှိနိုင်ရေးဆောင်ရွက်ခဲ့ရာ လက်ရှိအချိန် တွင်  လိုအပ်ချက်ပမာဏထက် ပိုမိုစွာထုတ်လုပ်နိုင်လျက်ရှိကြောင်း။


မန္တလေးတိုင်းဒေသကြီးနှင့်ပတ်သက် ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးကျဆင်းမှုများ ကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အဓိကလိုအပ် ချက်ဖြစ်သည့် တစ်ဦးချင်း ဝင်ငွေရရှိရေးကို ဆောင်ရွက်ပေးနိုင်ရမည်   ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး         လုပ်ငန်းများ လုပ်ဆောင်ရန် မြေနေရာ၊ အခွင့်အလမ်း နှင့် ဈေးကွက်ရှိပြီးသား ဖြစ်သဖြင့် စနစ် ကျနသည့်   ခေတ်မီစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်   ဆောင်ရွက်ကြ စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါး စိုက်ဧက ၁၅ သန်းရှိပြီး တစ်ဧကလျှင် တင်း ၁၀၀ ထွက်မည်ဆိုပါက လူဦးရေ သန်း   ၁၀၀   စာ    ဖူလုံမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး   စပါးစိုက်ဧက ခုနစ်သိန်းခန့်ရှိပြီး လူဦးရေ ခြောက်သန်း ခန့်ရှိကာ ဆန်ဖူလုံမှု ၅၀ ဒသမ ၃ ရာခိုင်နှုန်း သာရှိသည်ကို   တွေ့ရှိရကြောင်း၊ အထွက် နှုန်း  တိုးပွားအောင်   စိုက်ပျိုးမြေဧက တိုးချဲ့စိုက်ပျိုးပါက   မြေဧကအတွက် အကုန်အကျ များမည်ဖြစ်သဖြင့် အထွက် နှုန်း ကောင်းမွန်အောင်  လုပ်ဆောင်နိုင် မည့် စိုက်ပျိုးရေး   အသိပညာဗဟုသုတများ တိုးပွားအောင်  လုပ်ဆောင်ပေးကြရမည် ဖြစ်ကြောင်း၊ ဒေသတွင်း၌ အခြားပဲနှင့် ဆီထွက်သီးနှံများမှ ဝင်ငွေရရှိနိုင်သည်ဖြစ် သော်လည်း  ရသည့်ဝင်ငွေဖြင့် ပြင်ပမှ ဝယ်ယူစားသုံးမည်ဆိုပါက ဒေသတွင်းမှ ငွေကြေးများသည်   ပြင်ပသို့  ရောက်ရှိ သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်သောကြောင့် ဒေသတွင်း ၌ အထွက်နှုန်း တိုးပွားအောင် လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊    ဒေသတွင်း ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာလျှင် ဒေသတွင်း  ငွေကြေးကြွယ်ဝမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ထိုမှတစ်ဆင့် တိုင်းပြည်ကို ကြွယ်ဝချမ်းသာလာစေနိုင် မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြစ်ရေတင်စီမံကိန်းများကို  အကောင် အထည်ဖော်   ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ဧရာဝတီမြစ်၏ ၈၀ ရာခိုင်နှုန်း သော  ရေများသည် အသုံးချခြင်းမရှိဘဲ ပင်လယ်တွင်းသို့    စီးဝင်သွားခြင်းဖြစ် သဖြင့် မြစ်ရေတင်စီမံကိန်းကို ကြိုးပမ်း ဆောင်ရွက်ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအတွက်    အသုံးချနိုင်ရမည်ဖြစ် ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ဆိုလာစနစ်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်သည့် သဘာဝကပေးထား သည့်   အခွင့်အရေးများစွာရှိသည်ဖြစ် သဖြင့် မြစ်ရေတင်ရာတွင် လိုအပ်သည့် လျှပ်စစ်စွမ်းအားကို     ဆိုလာစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပြီး ဆိုလာစနစ်သည်  ကမ္ဘာ့ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက်လည်း     အရေးပါ ကြောင်းနှင့်   စနစ်ကျနသည့်   စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို    အကောင် အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း။


ကြိုးပမ်းလုပ်ဆောင်ကြစေလို


ကမ္ဘာပေါ်တွင် ဆန်နှင့် ဂျုံကို အဓိက ထား စားသုံးကြပြီး မိမိတို့နိုင်ငံ၌ အဓိက မွေးမြူရေးလုပ်ငန်းအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတို့ကို မွေးမြူကြကြောင်း၊ တိုင်းဒေသကြီးအတွင်း၌    အထက်ပါ မွေးမြူရေးလုပ်ငန်းများကို    ဖြစ်ထွန်း အောင်မြင်အောင်   လုပ်ဆောင်နိုင်စွမ်းရှိ သဖြင့်    ကြိုးပမ်းလုပ်ဆောင်ကြစေလို ကြောင်း၊     မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွှတ်၍ မွေးမြူခြင်း၊ စားကျက်မြေများတွင်လှန်၍ မွေးမြူခြင်း၊ လှောင်၍မွေးမြူခြင်းများရှိသဖြင့် စနစ် ကျနပြီး       တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်     မွေးမြူရေးလုပ်ငန်း ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နို့နှင့် နို့ထွက်ပစ္စည်းများ ကို ပြည်ပမှ တင်သွင်းနေရသောကြောင့် နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးနှင့် အေးခဲ အသားငါးများကို    ထုတ်လုပ်၍ ခေတ်မီ ထုပ်ပိုးမှုပုံစံများဖြင့် မိမိတို့နိုင်ငံရှိ အခြား ဒေသများသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ    စဉ်းစား လုပ်ဆောင်ကြရမည်ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးသည် နို့စားနွား မွေးမြူရေးကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်သည့် အလားအလာ များစွာရှိသဖြင့် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။           
ထိုကဲ့သို့   အရည်အသွေးမြင့်မားပြီး အာဟာရပြည့်ဝသည့် ထုတ်ကုန်များကို ဒေသတွင်း၌ ထုတ်လုပ်နိုင်ပါက ဒေသခံများ အနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအတွက် လည်း ကောင်းမွန်သည့် ကိုယ်ခံစွမ်းအား များကို              

 


ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်   စိုက်ပျိုးမွေးမြူရေးကို      အဓိကထား လုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ရှားပါး နေ၍   မရကြောင်း၊   အသားငါးများ၊ အသီးအနှံများကို  ပြည့်ဝစွာ  စားသုံးမှ သာလျှင်      ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာရေးလည်း ကောင်းမွန်မည်ဖြစ် ကြောင်း၊   ထို့ကြောင့်  စားရေးအတွက် ဖူလုံမှုရှိအောင် ဦးစားပေးလုပ်ဆောင်ရန်  ပြောကြားလိုကြောင်း၊     စိုက်ပျိုးရေး ထုတ်ကုန်များတွင် မန္တလေးမှ စိန်တလုံး သရက်နှင့် ဆီထွက်ထုတ်ကုန်များသည် နာမည်ရရှိပြီးဖြစ်ပြီး ပြည်ပနိုင်ငံများအထိ  တင်ပို့ရသည်အထိ ဈေးကွက်ရရှိပြီးဖြစ် ကြောင်း၊ ထို့ပြင် ဈေးကွက်လိုအပ်ချက်  ရှိပြီးသားဖြစ်သည့်   ငှက်ပျောသီးကဲ့သို့ သော  သီးနှံများနှင့်  အခြားစိုက်ပျိုးရေး ထုတ်ကုန်များကို    ခေတ်မီနည်းစနစ် ကျစွာဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်


ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက် ၍ ကုန်ဈေးနှုန်းကြီးမြင့်မှုတွင် Cost of Production (ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်းကြောင့်     မြင့်မားခြင်း)နှင့် Supply and Demand (စားသုံးမှုနှင့် ထုတ်လုပ်မှုမမျှတခြင်းကြောင့် မြင့်မား  ခြင်း)ဟူ၍ ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊   မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်သည့်   နိုင်ငံတစ်ခုဖြစ်သဖြင့် အခြေခံစားသုံးကုန်များ   ကုန်ဈေးနှုန်း မြင့်မားနေမှုများ    ဖြစ်ပေါ်နေသည်မှာ သဘာဝမကျသည့်အတွက် တာဝန်ရှိသူ များမှ   ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် ကြစေလိုကြောင်း။ 


အနာဂတ် plan များဖြစ်


တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မြို့ပြတည်ဆောက်ရေးတွင်  ရေဖူလုံစွာရရှိရေးနှင့်   အသုံးချနိုင်ရေး၊ ပညာရည်သင်ကြားမှုစနစ်   မြင့်မားရေး၊ ကျန်းမာရေးဆိုင်ရာနှင့် သယ်ယူပို့ဆောင် မှုစနစ်   Public  Transportation  များ ကောင်းမွန်မှုရှိရန် ထည့်သွင်းစဉ်းစားရ မည်ဖြစ်ကြောင်း၊ လမ်းများဖောက်လုပ်မှု မှအစ နိုင်ငံတကာမှလက်ခံသည့် စံချိန်စံညွှန်းအတိုင်းဖြစ်ရန်နှင့် နောင်တစ်ချိန် တွင်  လမ်းများတိုးချဲ့နိုင်ရေး  ကြိုတင် တွက်ချက်    ဖောက်လုပ်ရန်လိုသကဲ့သို့ လမ်းပခုံးများထည့်သွင်း တည်ဆောက်ရာ တွင်လည်း လမ်းများ၏အဆင့်အလိုက် အဆင့်မီအောင်  ထည့်သွင်းဆောင်ရွက် ရန်လိုကြောင်း၊  သွားလာမှုထွက်ပေါက် များကို   စဉ်းစားဆောင်ရွက်ထားရှိရန် လိုအပ်ပြီး    လျှပ်စစ်ကိုအခြေခံသည့် လျှပ်စစ်ဘတ်စ်ကား   လုပ်ငန်းများနှင့် လျှပ်စစ်       မြို့ပတ်ရထားလမ်းများ၊ မြေအောက်         ရထားလမ်းများအထိ တွက်ချက်စဉ်းစားလုပ်ဆောင်ကြစေလို ကြောင်း၊ ထိုသို့သော စီမံချက်များသည် အနာဂတ် plan များဖြစ်ပြီး မိမိတို့သည်  ခေတ္တတာဝန်ယူထိန်းသိမ်းဆောင်ရွက် နေရသည့်   အစိုးရဖြစ်သဖြင့်   လက်ရှိ ပြည်သူလူထု ရင်ဆိုင်နေရသည့် အခက်  အခဲများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုများကို အဓိကဦးစားပေးအနေ ဖြင့်   လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး  အတွက်လည်း ကောင်းမွန်သည့်ရေရှည်စီမံကိန်းများကို တတ်စွမ်းသရွေ့ ရေးဆွဲ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း။


ဈေးကွက်ချဲ့ထွင်နိုင်ရေးလုပ်ဆောင်


ပြင်ဦးလွင်မြို့   ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများနှင့်ပတ်သက်၍ ပြင်ဦးလွင် မြို့သည် ခရီးသွားမြို့တော်၊ ပညာရေး မြို့တော်၊ ချယ်ရီမြို့တော်ဖြစ်ပြီး နိုင်ငံ တကာက သိရှိထားသည့် ကောင်းမွန် သည့် နောက်ခံသမိုင်းကြောင်းများရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ထို့အပြင် သာယာ သော ရာသီဥတု၊ စိမ်းလန်းသော ပတ်ဝန်း ကျင်ကို အခြေခံလျက် ကျန်းမာရေးစောင့် ရှောက်မှု၊  ဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်သော ကျန်းမာရေးမြို့တော်အဖြစ်လည်း တည် ဆောက်နိုင်ရေး    ဆောင်ရွက်သွားရန် လိုကြောင်း၊ နယ်ခံများ၏ အခြေခံစိုက်ပျိုး မွေးမြူရေး   ထုတ်ကုန်လုပ်ငန်းများမှ တစ်ဆင့်    အဆင့်မြင့်ထုတ်ကုန်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ပေါ်ထွက်လာ စေရေး လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊  ထိုသို့          လုပ်ဆောင်နိုင်ရေးအတွက် နည်းစနစ်ကျနသည့် လုပ်ငန်းများဖြစ်ပေါ် လာစေရေး လိုအပ်သည့် နည်းပညာနှင့် အသိပညာပေးမှုများကို လုပ်ဆောင်ပေး သွားရန်လိုကြောင်း၊  မြေအသုံးချမှုစနစ် များလည်း    မှန်ကန်ရန်    လိုအပ်မည် ဖြစ်ကြောင်း၊    စိုက်ပျိုးမြေများကို အလုံပိတ်ကာရံခြင်းသည်    သဘာဝ ပတ်ဝန်းကျင်နှင့် မြေဆီလွှာကို ထိခိုက် စေနိုင်သောကြောင့် လေဝင်လေထွက် နှင့် ရေဝင်ရေထွက် ကောင်းမွန်နိုင်သည့် ကာရံခြင်းများ     ဆောင်ရွက်စေရေး ကြပ်မတ်ကြရန်လိုကြောင်း၊ စိုက်ပျိုးမြေ များကို အခြားနည်းများဖြင့် အသုံးချမှု မရှိစေရေးနှင့် ချမှတ်ထားသည့် စည်းကမ်း၊ ဥပဒေများနှင့်အညီသာ လုပ်ဆောင်ကြ စေရေး    ကြပ်မတ်ပညာပေးရမည်ဖြစ် ကြောင်း၊   ဒေသထွက်   ဈေးကွက်ဝင် ထုတ်ကုန်များဖြစ်သည့် စတော်ဘယ်ရီ၊  မက်မန်း၊ ကော်ဖီ၊ တည်သီးနှင့် နို့ထွက် ပစ္စည်းများ     အခြားထွက်ကုန်များကို ယခုထက်ပိုမိုကျယ်ပြန့်စွာ    ထုတ်လုပ် နိုင်ရေးနှင့်    ဈေးကွက်ချဲ့ထွင်နိုင်ရေး လုပ်ဆောင်ပေးသွားရန်လိုကြောင်း။


စည်ကားလျက်ရှိ


ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်  ပြင်ဦးလွင်မြို့သည် အေးမြပြီး သစ်ပင်  ပန်းမန်များဖြင့်       ရောင်စုံလှပသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ     ဥတု သုံးပါးလုံး၌ လာရောက်အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း၊    မြို့အား လှည့်လည်ကြည့်ရှုရာတွင် သစ်ပင်များ သည် အုံ့ဆိုင်းလျက်ရှိသည်ကို တွေ့ရှိရပြီး ဥတုရာသီတောကိုမှီ     ဆိုသော်လည်း ကျန်းမာရေးပိုင်းနှင့် ကြည့်မည်ဆိုပါက  သစ်ပင်များ အုံ့ဆိုင်းနေ၍ မရကြောင်း၊  အလင်းရောင်နှင့်   သန့်ရှင်းလတ်ဆတ် သည့် လေကောင်းလေသန့်များရရှိရေး အတွက် လမ်းဘေးဝဲယာရှိ သစ်ပင်ကြီး များနှင့် ခြုံနွယ်များကို အလင်းဖွင့်ပေး ရန်လိုကြောင်း၊  ခုတ်ထွင်ရှင်းလင်းရန် မဟုတ်ဘဲ အောက်ခြေပတ်ဝန်းကျင်နှင့်  သစ်ကိုင်းများ ထူထပ်နေခြင်းကို ရှင်းလင်း ကာ ကောင်းမွန်သည့် အလင်းရောင်နှင့် ခရီးသွားဧည့်သည့်များ၏ မျက်စိပသာဒ ရှိစေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများမှတဆင့် ပြင်ဦးလွင် ဒေသကို   ဖွံ့ဖြိုးတိုးတက်ရန်   ကြိုးပမ်း  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွား ဧည့်သည်များ      လမ်းလျှောက်နိုင်ရေး အတွက်လည်း      လမ်းဧရိယာများကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် သန့်ရှင်း သပ်ရပ်မှုရှိအောင်    လုပ်ဆောင်ရမည် ဖြစ်ကြောင်း။


ထို့ပြင် ပြင်ဦးလွင်နှင့် မန္တလေးဒေသ သည် ပညာရေးအားကောင်းသည့် ဒေသ များဖြစ်သဖြင့် အားရကျေနပ်မိပါကြောင်း၊  ပညာရေး   နောက်မကျစေရေးအတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး  ပညာရည်မြှင့်တင်ရေး    လုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း     ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့်  ခေတ္တ ပြန်လည်ပိတ်ထားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလျက်ရှိပြီး မျှော်မှန်းထားသည့် ပမာဏအထိ ကူးစက်ဖြစ်ပွားမှုများကို လျှော့ချနိုင်သည့်အချိန်တွင် ကျောင်းများ ပြန်လည်      ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း၊ အားကစားနှင့်ပတ်သက်၍လည်း       မြှင့်တင်ပေးသွားမည်ဖြစ်ကာ ဘောလုံး ကွင်းများအပါအဝင် အားကစားကွင်းများ     အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်ပေး လျက်ရှိပြီး ပြင်ဦးလွင်တွင် လက်ရွေးစင်   အားကစားသမားများ၏ လေ့ကျင့်ရေး မြေအဖြစ် ဆောင်ရွက်နိုင်ကြောင်း။


ကြိုးပမ်းတာဝန်ထမ်းဆောင်


နိုင်ငံတော်ကို    ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရာတွင် ကျေးလက် နှင့် မြို့ပြကွာခြားမှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ ကျေးလက် နေပြည်သူများ၏  စီးပွားရေးနှင့် အလုပ် အကိုင်   အခွင့်အလမ်းများ  ကောင်းမွန် အောင် လုပ်ဆောင်ပေးနိုင်ပါက မြို့ပြတွင် လူဦးရေ       သိပ်သည်းမှုများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့   တာဝန်ထမ်းဆောင်နေရသည့် ဒေသများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မိမိတို့ တတ်စွမ်းသရွေ့       ကြိုးပမ်းတာဝန် ထမ်းဆောင်ကြရန် အကြံပြုတိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။


တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်  ဝန်ကြီးချုပ်နှင့်     အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မန္တလေးတိုင်း ဒေသကြီးနှင့်   ပြင်ဦးလွင်ခရိုင်   မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့မိမြို့ဖများ နှင့် ရပ်ကွက်ကျေးရွာအုပ်စု စီမံခန့်ခွဲရေး ကောင်စီဥက္ကဋ္ဌများအား   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။                    

 

           သတင်းစဉ်