မြို့နယ်များ၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်၊ အဆောက်အအုံများပျက်စီး

 

နေပြည်တော်   မေ   ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် မေ ၈ ရက်နှင့် ၉ ရက်တို့အတွင်း မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဘာသာရေးအဆောက်အအုံများ၊  နေအိမ်များ၊  အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးဆုံးရှုံးမှုဖြစ်စဉ်များကို စုစည်းဖော်ပြအပ်ပါသည်။

 

ကံမမြို့နယ်၌ ဘုန်းကြီးကျောင်းသုံးကျောင်း၊ လူနေအိမ် ၈၆ လုံး ပျက်စီး
မကွေးတိုင်းဒေသကြီး   ကံမမြို့နယ်၌   ယမန်နေ့ညနေ    ၅  နာရီက  မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်       မြို့ပေါ်ရပ်ကွက်တစ်ခုနှင့်  ကျေးရွာ ၁၉ ရွာရှိ ဘုန်းတော်ကြီးကျောင်းသုံးကျောင်း၊ လူနေအိမ် ၈၆   လုံး၊  အထက(ခွဲ)ကျောင်းတစ်ကျောင်း၊   အမက(မူလွန်)ကျောင်း သုံးကျောင်း၊ ပညာရေးဝန်ထမ်းအိမ်ရာတစ်လုံး၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲတစ်ခုတို့ အမိုးလန်ပျက်စီးခဲ့သည်။     ကျော်ဇေယျဝင်း(ကံမ)

 

တပ်ကုန်းမြို့နယ်၌ နေအိမ်ကိုးလုံး အမိုးလန်၊ နွားတစ်ကောင် သေဆုံး 
နေပြည်တော်  တပ်ကုန်းမြို့နယ်၌  ယနေ့နံနက်စောစောတွင် မိုးရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်ကျေးရွာအုပ်စု သကြား ဟင်းအိုး‌ကျေးရွာတွင် နေအိမ်ငါးလုံးနှင့် စပါးကျီတစ်လုံးတို့ အမိုးလန် ပျက်စီးခဲ့ပြီး နွားတစ်ကောင် မိုးကြိုးပစ်ခံရသဖြင့်  သေဆုံးခဲ့သည်။ 
အလားတူ သပြေကုန်းရွာရှိ နေအိမ်တစ်လုံးနှင့်  ကွမ်းတောကျေးရွာ တွင်   နေအိမ်သုံးလုံး    အမိုးလန်ပျက်စီးခြင်းတို့    ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။                           တင်စိုးလွင်(တပ်ကုန်း)
 

 

ဆီဆိုင်မြို့နယ်၌  စာသင်ကျောင်းနှင့် လူနေအိမ်များပျက်စီး
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ်၌ မေ  ၈ ရက် ညနေ ၄ နာရီခွဲမှ ညနေ ၅ နာခွဲအထိ မိုးသည်း ထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်  စံကားကျေးရွာတွင် အခြေခံမူလတန်းစာသင်ကျောင်း ဝါးကျောင်းဆောင် အမိုးလန်ခြင်း၊ လူနေအိမ်နှစ်လုံး   ပြိုလဲခြင်း၊   လူနေအိမ်အလုံး  ၂၀  အမိုးလန်ခြင်း၊ လူနေအိမ်သုံးလုံး   ဘေးထရံကာ  ပျက်စီးဆုံးရှုံးခြင်းများ   ဖြစ်ပေါ်ခဲ့ သည်။ 
အဆိုပါ လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးနေအိမ် များတွင် နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)