မြို့နယ်များ၌ စေတီပုထိုးများကို ထုံးသင်္ကန်းဆက်ကပ်ခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

မြောင်းမြ    
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီပုထိုးများနှင့် ရပ်ကွက်၊ ကျေးရွာများ ၌  တည်ထားကိုးကွယ်လျက်ရှိသော စေတီပုထိုး များအား   ရေသပ္ပာယ်ခြင်း၊   ရောင်တော်ဖွင့်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို  ဇန်နဝါရီ ၂၇ ရက်က စုပေါင်းဆောင်ရွက်သည်။
မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ    ဦးဆောင်ကာ   ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ် ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများက  မြောင်းမြမြို့ရှိ   စင်္ကြာသီဟ၊ စင်္ကြာနန္ဒစေတီတော်၊     ရွှေဗုဒ္ဓေါစေတီတော်နှင့် မြောင်းမြမြို့ပေါ်ရှိ ဘုရားစေတီများ၊ ဆင်းတုတော် များကို   ရောင်တော်ဖွင့်ခြင်း၊    ရေသပ္ပာယ်ခြင်း၊  စေတီတော်ရင်ပြင်များအား တံမြက်လှည်းကုသိုလ် ယူခြင်း၊   ဘုရားပရိဝုဏ်အတွင်းရှိ   ချုံနွယ်များနှင့် ပေါင်းမြက်များ    ရှင်းလင်းခြင်းတို့ကို   စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ မြို့နယ်အတွင်း ကျေးရွာ၊   ရပ်ကွက်များရှိ    စေတီပုထိုးများအား   ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊    ဒေသခံပြည်သူများက ရေသပ္ပာယ်ခြင်း၊ ရောင်တော် ဖွင့် ထုံးသင်္ကန်း ကပ်လှူခြင်းနှင့်     စုပေါင်းသန့်ရှင်းရေး များကို  ပြုလုပ်ဆောင်ရွက်ကြကြောင်း   သိရသည်။ 
ခရိုင်(ပြန်/ဆက်)

 

လေးမျက်နှာ 
ဧရာဝတီတိုင်းဒေသကြီး     လေးမျက်နှာမြို့နယ် သံသရာငြိမ်းအေးစတုမုခ ဇေယျသိဒ္ဓိစေတီတော်၌ ဇန်နဝါရီ ၂၇ ရက်က  မြို့နယ်အတွင်း  ဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ဝတ်အသင်းများက အပြင် အောင်ခြင်း ဂါထာတော်များ၊ မြန်မာပြန်များ ရွတ်ပွား ပူဇော်ကြပြီး    ဆရာတော်သံဃာတော်များက ငဝန် သစ္စာရွှေဧရာ စာသင်တိုက်၌ အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ပွားပူဇော်ကြသည်။
ဦးစွာ ဆရာတော်သံဃာတော်များ၊ ဝတ်အသင်း အဖွဲ့များ၊    ဌာနဆိုင်ရာ ဝန်ထမ်းများက စိန်ရောင်ခြည် ဂါထာဖြင့်     ဘုရားပင့်ခြင်းနှင့်     နတ်ဗြဟ္မာများအား ပင့်ဆောင်၍ အပြင်အောင်ခြင်း ရှစ်ပါး၊   အတွင်း အောင်ခြင်း   ရှစ်ပါး၊   ဓဇဂ္ဂသုတ်၊ မေတ္တသုတ် စသည့် အန္တရာယ်ကင်း         ပရိတ်တရားတော်များနှင့်    မြန်မာပြန်ကို   စုပေါင်းရွတ်ဆိုပူဇော်ပြီး နတ်ဗြဟ္မာ များအား        ပြန်လည်ပို့ဆောင်ကာ အခမ်းအနားကို    ရုပ်သိမ်းခဲ့သည်။ ထို့နောက်     လေးမျက်နှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန     မြို့နယ်အုပ်ချုပ် ရေးမှူး   ဦးဆောင်သော မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ချောစု ခိုင်နှင့် မိသားစုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့်         ဝတ်အသင်းအဖွဲ့များက သံသရာငြိမ်းအေး   စတုမုခဇေယျသိဒ္ဓိစေတီတော် ဘုရားရင်ပြင်တော် ၌  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။              
မြို့နယ်(ပြန်/ဆက်)
 

 

သံတောင်ကြီး
ကရင်ပြည်နယ်    သံတောင်ကြီး မြို့အတွင်း       ဘေးအန္တရာယ် ကင်းရှင်းစေရန်      ရည်ရွယ်၍ ဇန်နဝါရီ ၂၇ ရက်က    သာသနာ့မဉ္ဇူ      ကျောင်းတိုက်၌     အတွင်း အောင်ခြင်း    ရှစ်ပါး၊   အပြင် အောင်ခြင်း ရှစ်ပါးနှင့်  ဓဇဂ္ဂသုတ် တော်ကို         သံဃာတော်များနှင့် ဝတ်အသင်းက    ရွတ်ပွားပူဇော်ကြ သည်။
အလားတူ      သံတောင်မြို့  မြို့တော်ဦး     ကျောင်းတိုက်၌ လည်း အတွင်းအောင်ခြင်း ရှစ်ပါး၊  အပြင် အောင်ခြင်းရှစ်ပါးနှင့် ဓဇဂ္ဂ သုတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို သံဃာတော်များနှင့်   ဝတ်အသင်း က တစ်ပြိုင်နက် ရွတ်ပွားပူဇော်ကြ ကြောင်း သိရသည်။     
နော်နော်မူ
 

 

ဒဂုံဆိပ်ကမ်း
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြို့အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသာယာလှပစေ ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် ပုံမှန် ဆောင်ရွက်လျက်ရှိရာ    ဇန်နဝါရီ ၂၆ ရက်က        ကြံတိုင်းအောင် စေတီတော်မြတ်ကြီး၌          ဌာန ဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်သည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်း တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်   အဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်   ဌာန ဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က         ကြံတိုင်းအောင်စေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်း သစ်ပင် သစ်ကိုင်းများ၊ မြက်ပင်၊ ပေါင်းပင် များကို  ရှင်းလင်းခြင်းနှင့် အမှိုက် များကို   စနစ်တကျစွန့်ပစ်ခြင်း လုပ်ငန်းများကို စုပေါင်းကုသိုလ် ယူဆောင်ရွက်ကြောင်း       သိရ သည်။          
  မြို့နယ်(ပြန်/ဆက်)
 

 

ကော့ကရိတ်   
ကရင်ပြည်နယ်    ကော့ကရိတ်မြို့နယ်၌    မြို့နယ် အတွင်း    ဘေးဥပဒ်အန္တရာယ်များ    ကင်းစင်ရေး၊ ပြည်သူများ    အေးချမ်းစေရေးအတွက်   ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏   စီစဉ်ကြီးကြပ်မှုဖြင့် ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းတိုက်‌၌ ဇန်နဝါရီ ၂၇ ရက်က    အတွင်းအောင်ခြင်း၊   အပြင် အောင်ခြင်း ပါဠိတော်များ အပါအဝင် ဗုဒ္ဓဒေသနာတော်များကို ဆရာတော်သံဃာတော်များနှင့် ဝတ်ရွတ်အသင်းများ က ရွတ်ဖတ်ပူဇော်ကြသည်။
ဒေသနာတော်များ            ရွတ်ဖတ်ပူဇော်ရာတွင်  တောင်ပေါ်ကျောင်းတိုက်  ဆရာတော် ဦးဆောင်သည့် သံဃာတော်များ၊  ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းဝတ်ရွတ်အသင်းတို့က အတွင်း အောင်ခြင်းရှစ်ပါး   ပါဠိတော်၊  အပြင်အောင်ခြင်းရှစ်ပါး ပါဠိတော်နှင့်  ဓဇဂ္ဂသုတ်တို့ကို   ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့အမျှ ပေးဝေခဲ့ကြသည်။
 ထို့နောက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက  ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ   ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
 ခရိုင်(ပြန်/ဆက်)
 

 

စစ်တွေ     
နေပြည်တော်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့   စတင်ပင့်ဆောင် ပူဇော်ချိန်တွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော် မြတ်ကြီး၌   အတွင်းအောင်ခြင်း၊  အပြင်အောင်ခြင်း       ဂါထာတော်  (မြန်မာပြန်)များနှင့်    ဓဇဂ္ဂသုတ် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို    ဇန်နဝါရီ   ၂၇   ရက်က ပြုလုပ်သည်။
ဦးစွာ စစ်တွေမြို့ ဒက္ခိဏာရာမပရိယတ္တိ စာသင် တိုက်   ပဓာနနာယက   မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အတွင်းရေးမှူး   ဂန္ထဝါစကပဏ္ဍိတ၊   မဟာ ဂန္ထဝါစကပဏ္ဍိတ   ဘဒ္ဒန္တမေဃိယထံမှ   ပြည်နယ် လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ   အမှူးပြုသော     ဧည့်ပရိသတ်များက   ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ 
ထို့နောက်    ဆရာတော်    သံဃာတော်များက အတွင်းအောင်ခြင်းရှစ်ပါး၊  အပြင်အောင်ခြင်းရှစ်ပါး ဂါထာပါဠိကို ရွတ်ဖတ်ပူဇော်ချီးမြှင့်ကြပြီး  ဝတ်ရွတ် အသင်းအဖွဲ့များက       အပြင်အောင်ခြင်းရှစ်ပါး မြန်မာပြန်ကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များနှင့်  ဝတ်အသင်းအဖွဲ့ များက ဓဇဂ္ဂသုတ်ပရိတ်တော်ကို  ရွတ်ဖတ်ပူဇော်ကြ သည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်   သံဃာတော်များအား   လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
 

 

ကျွန်းစု
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်  အေးငြိမ်း သုခဓမ္မရိပ်သာကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေး ကို ဇန်နဝါရီ ၂၆ ရက်က ဌာနဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ   ဦးအောင်စန်းဝင်းနှင့်   အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ကျောင်းဝင်း အတွင်း သန့်ရှင်းသာယာ   စိမ်းလန်းစိုပြည်စေရန် အတွက်   ကျောင်းရှိစေတီတော်၌    ဘုရားပန်းများ လဲခြင်းနှင့် ရင်ပြင်၌အမှိုက်လှဲခြင်း၊ ချုံနွယ်ပိတ်ပေါင်း များရှင်းလင်းခြင်း၊ ပေါင်းမြက်များ၊ အမှိုက်သရိုက် များ     ဖယ်ရှားရှင်းလင်းခဲ့ကြပြီး       အမှိုက်များကို စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။ 
စည်သူရအောင်
(ကျွန်းစု)