
နေပြည်တော် အောက်တိုဘာ ၂၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ည ၇ နာရီ တွင် ဘားအံမြို့နယ် ဘားအံ-အိန္ဒုသွားကားလမ်း နောင်လုံ ကျေးရွာအုပ်စု နောင်လုံကျေးရွာ အနီးတွင် စိုးသိန်း(ခ) အီစမိုင် မောင်းနှင်ပြီး စောမောင်(ခ)အိုစမန် လိုက်ပါလာသည့်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀၀ ကိုလည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၂ ရက် ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့ နောက် လယ်ရပ်ကွက် (၇)လမ်းတွင် အာကာဇော်(ခ) မတ်ဟီရှာ မောင်းနှင်၍ အောင်ခန့်ဇော်(ခ)အူမာန်ဖွာလု လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း၊ ကွင်းဆက်အရ ည ၉ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့က မြိတ် တောင်ရပ်ကွက် ကမ်းသာယာ လမ်းနေ အောင်မျိုးသက်(ခ)ချီးကိုထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း။
ထို့အတူ အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ကမာရွတ်မြို့နယ် အမှတ်(၃) ရပ်ကွက် ပတ္တမြားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်စိုး အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို သိမ်းဆည်း ရမိခဲ့ပြီး ၎င်းနေထိုင်သည့် အမှတ် (၃)ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ တိုက်အမှတ်(၃၇)၊ အခန်းအမှတ် (၃/ဘီ)သို့ ဝင်ရောက်ရှာဖွေရာ ငြိမ်းချမ်းအောင်အား တွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၀၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ နှင့် အိုက်စ် သုည ဒသမ ၁၅ ကီလိုတို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲပိုင်း တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင် သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ် ထိန်ပင် ကျေးရွာအုပ်စု လိန်းလီကျေးရွာ ရှိ လိန်းလီကြိုးတံတားအနီးတွင် ထွန်းငွေ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀ ကိုလည်းကောင်း၊ ထို့ပြင် ညနေပိုင်းတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ သန်းဇော်ဦး(ခ) သန်းထိုက်အောင်(ခ)အီဗရာဟင် မောင်းနှင်၍ မျိုးမင်းသန်း လိုက်ပါ လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။
ရဲပြန်ကြား