
နေပြည်တော် အောက်တိုဘာ ၁၁
သံတွဲမြို့နယ်၊ ကွန်ဟိန်းမြို့နယ်နှင့် မိုင်းယောင်း မြို့နယ်တို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် အောက်တို ဘာ ၁၀ ရက် ညနေ ၃ နာရီ ၅ မိနစ်တွင် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်ရှိ အမှိုက်ပုံအနီး တွင် ဆာလာအိတ် နှစ်အိတ်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့် ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၃၃၀၀၀၀ ကို လည်း ကောင်း၊ အလားတူ အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ် တာကော် ကျေးရွာအုပ်စု တာကော်ကျေးရွာရှိ တာကော်တံတား ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် ကျောက်လောက်စန်း မောင်းနှင်ပြီး လိလောက်ဝူနှင့် ကျန်းကျိဟွာတို့ လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ကက်တမင်း ၁ ကီလို၊ အက်တက်စီဆေးပြား ၁၈၀၀ ကိုလည်းကောင်း၊ ထို့အတူ အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ကုန် ကျေးရွာအနီးတွင် ယောဒ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
သတင်းစဉ်