မြို့နယ်အချို့၌ နိုင်ငံ့ဝန်ထမ်းအချို့ကို လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်

 

နေပြည်တော်    မေ   ၁၃


တိုင်းဒေသကြီး   ပြည်နယ်များရှိ မြို့နယ်အချို့ တွင်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ  တာဝန်ရှိသူများ၊     နိုင်ငံ့ဝန်ထမ်းများနှင့်  အေးချမ်းစွာ   နေထိုင် လျက်ရှိသော       ပြည်သူလူထုအချို့အား           လူထုအတွင်း အကြောက်တရား  လွှမ်းမိုးစေရန် လည်းကောင်း၊    ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ်  သစ္စာစောင့်သိ ၍  အလုပ်တာဝန်များ  ထမ်းဆောင်လျက်ရှိ သည့်    နိုင်ငံ့ဝန်ထမ်းများကို  လူအုပ်စုဖွဲ့၍   လက်နက်အားကိုးဖြင့်  အတင်းအကြပ်     CDM ပြုလုပ်စေပြီး   CDM  ပြုလုပ်ခြင်းမရှိသူ      နိုင်ငံ့ ဝန်ထမ်းများအား လည်းကောင်း၊  ၎င်းတို့နှင့်  အမြင် အယူအဆမတူသူ  အေးချမ်းစွာ နေထိုင် လျက်ရှိသော ပြည်သူလူထုများအား  “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု     စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ          ငါ့ရန်သူဟူသည့် တစ်ဖက်သတ်       အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်  အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက       တုတ်၊  ဓား၊  သေနတ်၊ လက်လုပ်ဗုံး၊   လက်လုပ်မိုင်းများ အသုံးပြု၍   ရက်စက်စွာ   လုပ်ကြံတိုက်ခိုက်၊    သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို    တွေ့ရှိရသည်။

 


ထိုသို့   အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ ရာ   မေ  ၁၂  ရက်  နံနက် ၁၀ နာရီ  ၄၅ မိနစ် ခန့်တွင်    ကရင်ပြည်နယ်  သံတောင်ကြီး မြို့နယ် သံတောင်မြို့(၂)ရပ်ကွက်နေ   အခြေခံ ပညာအထက်တန်းကျောင်း    (သံတောင်) မှ အထက်တန်းပြဆရာ  ဦးကျော်ငြိမ်း  (၃၆) နှစ်    (ဘ)ဦးထင်ကျော်သည်     နေအိမ်ဈေးဆိုင်၌ တစ်ရပ်ကွက်တည်းနေ    ဦးချန်နူး  (၄၁)နှစ် (ဘ)   ဦးလုပ်ချန်နှင့်အတူ         စကားပြောနေစဉ် အကြမ်းဖက်သူအမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးကျော်ငြိမ်းနှင့် ဦးချန်နူးတွင်  ကျည်ထိမှန်ဒဏ်ရာများ  အသီးသီးရရှိကာ  အခင်းဖြစ်နေရာတွင်   သေဆုံးသွားကြောင်း သိရသည်။  
အထက်ပါဖြစ်စဉ်တွင်  အကြောင်းမဲ့ရက်စက်စွာ  လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့်   အကြမ်းဖက်သူ များကို  ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                 

  သတင်းစဉ်