မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

နေပြည်တော်  အောက်တိုဘာ   ၄ 


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၃ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင်  ပဲခူးမြို့  ကျွန်းသာ ယာရပ်ကွက်ရှိ ညီမျိုးထက်(ခ) နေမျိုး ၏    နေအိမ်သို့    ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၂၈၀၀   ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီတွင်   မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းစိန် မြို့နယ်၊      အောင်ဆန်းရပ်ကွက်ရှိ ဇော်လင်းအောင်(ခ)  ခြေချင်း (ခ) မူး ကြောင်၏  နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ   ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း၊ ကွင်းဆက် အရ ညနေ ၅ နာရီ မိနစ် ၅၀ တွင် မရမ်း ကုန်းမြို့နယ်၊  အမှတ်(၁၀)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊    မြကျွန်း သာကားပါကင်တွင်  သိန်းဇော်အား အိုက်စ် သုည ဒသမ ၀၂ ကီလို၊ Crown အမျိုးအစား    မော်တော်ယာဉ်တစ်စီး ကိုလည်းကောင်း၊    ထို့ပြင်   ယင်းနေ့  ည    ၈   နာရီခွဲတွင်   မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော      ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့  ကျောင်းကြီးစုရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် စိုင်းဆိုင်နွံ မောင်းနှင် ပြီး ခွန်အောင်ဆန်းဦး လိုက်ပါလာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ် ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် ကီလို ၂၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ မွန်းလွဲ ၁ နာရီခွဲတွင် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်း      ရပ်ကွက်ရှိ စိုင်းဆိုင်နွံ၏    နေအိမ်သို့  ဝင်ရောက် ရှာဖွေရာ   မဗျာမလေး(ခ)သံစဉ်ချို၊ မျိုးအောင်၊ ဇော်မိုင် နှင့် စိုင်းသက်ကိုကိုဦး တို့ လေးဦးအား တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၀၀၀  ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ ည ၉ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော  ပူးပေါင်းအဖွဲ့သည်  တာချီလိတ် မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ အားရှီ(ခ)အားစစ်(ခ)အဘော၏      နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ    စိတ်ကြွရူးသွပ် ဆေးပြား   ၁၅၇၀၀    ကို   လည်း ကောင်း။

 


အလားတူ အောက်တိုဘာ ၂ ရက် ညနေ  ၄  နာရီခွဲတွင်    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး       ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက် တွင်        သန်းထွန်းဝင်း(ခ)အိတာ မောင်းနှင်ပြီး   မျိုးအောင်  လိုက်ပါလာ သည့်   FAW  အမျိုးအစား  ၁၂  ဘီး မော်တော်ယာဉ်ကို    ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆာလဖျူရစ်အက်စစ် လီတာ ၁၃၆၅၀၊ ဆိုဒီယမ်အီသောက်ဆိုဒ် ကီလို ၅၄၀၀၊     မက်သနော    နိုက်ထရစ် အက်စစ် လီတာ ၂၁၆၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်  (အောက်ပုံ)    ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်     စိတ်ကိုပြောင်းလဲစေသော    ဆေးဝါးများ ဆိုင်ရာ       ဥပဒေအရ       အရေးယူထား ကြောင်း သိရသည်။


ရဲပြန်ကြား