
မိုးညှင်း ဩဂုတ် ၁၃
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လွင်ဦး ကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက သြဂုတ် ၁၂ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များက လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြကြရာ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီနိုင်ရေးအတွက် လိုအပ်သည်များ ကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ လွင်ဦးကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး သုံးနှစ်ပြည့်မြောက်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် အလျားပေ ၅၀၊ အနံပေ ၃၀ နှင့် အမြင့် ၁၃ ပေရှိသည့် ကျေးရွာဘက်စုံသုံး ခန်းမကို ငွေကျပ် ၁၂၅ သိန်းဖြင့် ဆောင်ရွက် ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် သိန်း ၁၂၀ နှင့် ပြည်သူလူထုမှထည့်ဝင်ငွေကျပ် သိန်း ၃၀ ဖြင့် စုပေါင်းပြီး အရှည်ပေ ၁၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ခြောက်လက်မဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းကို ဇူလိုင် ၁၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လွင်ဦးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ၊ မွေးမြူ ရေးလုပ်ကိုင်သူနှင့် အရောင်းအဝယ်လုပ်ကိုင်သူ စုစုပေါင်း ၆၄ ဦးအား ငွေကျပ် ၄၅၆ သိန်း ထုတ်ချေးပေးခဲ့ကြောင်း၊ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ အတိုးရငွေဖြင့် ဒုတိယအကြိမ်မြောက် ကျေးရွာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)