မိုးညှင်းမြို့၊ မြဝတီမြို့၊ မိုင်းဆတ်မြို့နှင့် တာချီလိတ်မြို့တို့တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ   ၃


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂ ရက်   မွန်းလွဲ ၁ နာရီတွင်    မိုးညှင်း မြို့နယ်  နန့်စီးအောင်ကျေးရွာ   ပူးပေါင်းစစ်ဆေးရေးစခန်းအနီးတွင်  FOTON အမျိုးအစားခရီးသည်တင်ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေ ရာ မဇာခြည်ဝင်းထံမှ  ဘိန်းဖြူ ၂ ဒသမ ၂ ကီလို ဖမ်းဆီးရမိသည်။


ယင်းနေ့ ညနေ   ၅  နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ   ပါဝင်သော ပူးပေါင်းအဖွဲ့သည်  မြဝတီမြို့  သင်္ဃန်းညီနောင်ပူးပေါင်းစစ်ဆေးရေး စခန်းအနီးတွင် စောမြညွန့် မောင်းနှင်ပြီး စောအယ်ဖော လိုက်ပါလာ သည့် Hilux Vigo  အမျိုးအစားယာဉ်ကို    ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၃၉၀၀၀ ကို  လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်  မဟုန် လွယ်ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်သွားကားလမ်းတွင် အားဒို(ခ) လော်ဖာ မောင်းနှင်လာသည့်ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား   ၄၄၀၀၀  ကို လည်းကောင်း၊  ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင်    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်ဆောက်ခုံကျေးရွာအနီး ဆွတ်ဆိုင်- မယ်ယန်းသွားကားလမ်းတွင် လမ်းလျှောက်လာသူ အားမူကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅ နာရီ ၅ မိနစ်တွင် တာချီလိတ် မြို့နယ် ဝမ်ဆောက်ခုံကျေးရွာအနီး ဆန်းလင်းအောင် (ခ)ကိုငယ်ကို စိတ်ကြွရူးသွပ်ဆေးပြား ၆၄၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော    ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။                

 ရဲပြန်ကြား