မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများအသီးသီးမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား  စက်တင်ဘာ  ၂၂


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်းရှိ ကျေးရွာအုပ်စုများမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား မှု လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်   လိုအပ်သည့်ပံ့ပိုးကူညီမှုများ  ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက်   ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်  ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုသည် မြို့ပြများတွင်  အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်လာခဲ့ပြီး   ကျေးရွာ များတွင်  ကိုဗစ်-၁၉  ရောဂါကူးစက်မှု များပြားလာသည်ကို   တွေ့ရှိရကြောင်း၊ အဆိုပါကျေးရွာများရှိ ပရဟိတလူမှုရေး အဖွဲ့များအနေဖြင့်  ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်ရေးအတွက်   ကြိုးစားဆောင် ရွက်နေကြသည်ကို   ဂုဏ်ယူမှတ်တမ်း တင်ရှိသလို    ပံ့ပိုးကူညီမှုများကိုလည်း ဖြည့်ဆည်း   ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများက ကျေးရွာများအတွင်း       ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍      သုံးသပ်ဆွေးနွေးတင်ပြ ကြပြီး  ကချင်ပြည်နယ်  အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဘွမ်ယွမ်က     ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီပေးမှုဖြင့်            သုံးရက်ကြာ နယ်လှည့်ဆေးဝါးကုသရေး    ခရီးစဉ် အတွင်း မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်း မြို့၊ ဟိုပင်မြို့၊ မိုးကောင်း၊ နမ္မတီးမြို့များ အပါအဝင်   နန့်မွန်း၊   နမ္မား၊  လယ်မှီး၊ ပင်းဘော၊ နမ္မန၊ တောင်နီနှင့် ဆားမှော် ကျေးရွာများ၌   ပရဟိတလူမှုရေးအဖွဲ့ များနှင့်   မြေပြင်တွင်   တွေ့ရှိရသည့် အခြေအနေများ၊ မြစ်ကြီးနားမြို့ ပေးဆပ် သူလူမှုကူညီရေးအသင်းမှ   ပေါင်းစပ် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များနှင့် ကျေးရွာများတွင်  ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက် နေကြသည့် လူမှုကူညီရေးအသင်းအဖွဲ့ များက  နယ်မြေတွင် ကြုံတွေ့ရသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြ သည်။


ဆွေးနွေးတင်ပြမှုများအပေါ် ပြည် နယ် ဝန်ကြီးချုပ်က ကျေးရွာများတွင် ကိုဗစ်-၁၉   ကာကွယ်၊   ထိန်းချုပ်ရေး အတွက် အရှိန်အဟုန်မြှင့်  ဆောင်ရွက် ရေး၊   မြေပြင်တွင်   ဆောင်ရွက်နေကြ သည့်    အသင်းအဖွဲ့များအား   ကူညီ ထောက်ပံ့ပေးနိုင်ရေးနှင့်  ဖောင်ဒေးရှင်း အဖွဲ့အနေဖြင့် ဒုတိယအကြိမ် နယ်လှည့် ကွင်းဆင်းပြီး    ဆေးဝါးကုသရေးနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကာကွယ် ရေးသုံးပစ္စည်းများ ဖြည့်ဆည်းထောက်ပံ့ ပေးနိုင်ရေးတို့ကို  ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။    

ပြည်နယ်(ပြန်/ဆက်)