
မိုးညှင်း ဇွန် ၁
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ သည် မိုးညှင်းခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မေ ၃၁ ရက်က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညှင်း ဗဟိုအကျဉ်းထောင်သို့ သွား ရောက် ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပြည့်အဝပေးနိုင်ရေးနှင့် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် အစိုးရ နည်းပညာကောလိပ်(မိုးညှင်း) သို့ သွားရောက်၍ အစည်းအဝေးခန်းမ ၌ ကျောင်းအုပ်ကြီး၊ ဌာနမှူးဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ကျောင်းအတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်း ပေးအပ်ကာ အားကစား အထောက်အကူပြု ပစ္စည်းများ ဆက်လက်တပ်ဆင် ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် ကောလိပ် အတွင်း ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၅၇၈ ဒသမ ၂၂၃ သန်းဖြင့် အာရ်စီသုံးထပ် စာသင်ဆောင်သစ် တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ သည်။
ယင်းနောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီး ဌာနရုံး၌ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ခရိုင်အတွင်း သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်းထားရှိမှုများကို လှည့် လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ် ဝန်ကြီးချုပ်သည် မိုးညှင်း တက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခ ချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး တက္ကသိုလ်အတွက် အားကစား အထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် သိန်း ၂၀ ကို ထောက်ပံ့ပေးအပ် သည်။
ထို့နောက် တက္ကသိုလ်ဝင်း အတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၈၂ သန်းဖြင့် တည်ဆောက်လျက်ရှိ သည့် ခြောက်ခန်းတွဲ အာရ်စီ သုံးထပ် စာသင်ဆောင်သစ် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့ပြင် ပြည်နယ် ဝန်ကြီးချုပ် သည် အောင်သပြေရပ်ကွက် အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အလှူရှင်များ စုပေါင်းလှူဒါန်း တည်ဆောက် ထား သည့် ကံသာဦးအောက်ဆီဂျင် စက်ရုံလည်ပတ်နိုင်မှု အခြေအနေ နှင့် အောက်ဆီဂျင် အခမဲ့ဖြန့်ဖြူး ပေးနိုင်မှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး နန့်ပုတ် ကျေးရွာရှိ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးရုံသို့ သွား ရောက်ကာ တာဝန်ခံဆရာတော် ထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထု ငွေကျပ် သိန်း ၂၀ ကို လှူဒါန်း ခဲ့ကြောင်း သိရသည်။
ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ မိုးညှင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူ များအား ပြည်နယ်၏ စားနပ် ရိက္ခာ ဖူလုံပိုလျှံလာစေရေး၊ အထွက်တိုး မျိုးကောင်းမျိုးသန့် စပါးများ ပြောင်းလဲစိုက်ပျိုးနိုင် ရေး၊ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာကို ယခုနှစ်တွင် ဧက ၈၀၀၀ ကျော် စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များ ကို မေးမြန်းဆွေးနွေးကာ ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက တောင်သူများအတွက် ဓာတ်မြေသြဇာအိတ်များနှင့် ဆင်း ဧကရီ-၃ မျိုးစပါးမျိုးစေ့များကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)