
မိုးညို အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား သည့် ထွဋ်မြတ်စံပြကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအတွက် မြေအောက်ရေအောင်းလွှာတည်ရှိနိုင်မည့်နေရာကို သိရှိ နိုင်ရန် အောက်တိုဘာ ၁၅ ရက်က မြေအောက် ရေရှာဖွေတိုင်းတာခြင်း (GP survey) ပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်သန်း သန်းစိုးက မြေအောက်ရေတိုင်းတာရေး တာဝန်ခံအင်ဂျင်နီယာများနှင့် အတူ မြေအောက်ရေအောင်းလွှာ တည်ရှိနိုင်မည့် နေရာ ကွင်းဆင်းတိုင်းတာခြင်းကို ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အဆိုပါကျေးရွာတွင် နွေရာသီ ရေပြတ်လပ်မှုအခက်အခဲ မရှိစေရန် အတွက် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ ကာလတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၂၁၁ အိမ်မှ လူဦးရေ ၈၄၉ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ အတွက် သောက်သုံးရေ လုံလောက်စွာရရှိ မည်ဖြစ်ကြောင်းသိရသည်။
ဖြိုးလေး