မိုင်းတုံမြို့နယ် ဟိုရွက်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်    ဧပြီ    ၂၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဟိုရွက်ကျေးရွာ ရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ယနေ့တွင် တြိဂံဒေသတိုင်းစစ် ဌာနချုပ် နယ်မြေခံဆေးတပ်ရင်းမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးသည်။ 

 


ထိုသို့ဆောင်ရွက်ပေးရာတွင်   နယ်မြေခံဆေးအဖွဲ့က   ဒေသခံ တိုင်းရင်းသား ပြည်သူ ၇၀၀  တို့ကို နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက်ကုသရန်  လိုအပ်သူများကို  မိုင်းဆတ်မြို့ရှိ   နယ်မြေခံဆေးတပ်ရင်းသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်