
မိုင်းရယ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်၌ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ သံသယလူနာ များအဖြစ် ရောက်ရှိလာသူ ၂၇၇ ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ ငါးဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
မိုင်းရယ်မြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၀၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၇၆ ဦး၊ သေဆုံးလူနာ ၁၇ ဦး၊ ဆေးကုသမှုမခံယူခဲ့သူ နှစ်ဦးနှင့် ဆေးရုံတွင် စောင့်ကြည့်ကုသလျက်ရှိသူ ခြောက်ဦးရှိကြောင်း သိရသည်။
ကျော်ဇင်ထိုက်