မိုင်းရှူးမြို့နယ်ရှိ ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပနိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်း

 

နေပြည်တော် နိုဝင်ဘာ  ၁၀


ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး မြို့နယ်ရှိ ဟံသာမုနိမာရဇိန်ဘုရား ကြီး   လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပွဲတော်   ကျင်းပ နိုင်ရေးအတွက်  အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းကို   ယနေ့ မွန်းလွဲပိုင်းတွင်   အဆိုပါဘုရား ကြီးကျောင်းတိုက်၌     ပြုလုပ်ရာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကဝိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူပြီး   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်း   စစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင် များ၊   ဌာနဆိုင်ရာ   တာဝန်ရှိသူ များ၊ မြို့မိမြို့ဖများနှင့်  ဒေသခံ တိုင်းရင်းသားပြည်သူများ တက် ရောက်ကြသည်။

 


ဦးစွာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့်  တက် ရောက်လာကြသူများက အဆိုပါ ကျောင်းတိုက်  ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ ပြီး ပရိတ်တရားတော်များ  နာယူ ကြည်ညိုကြသည်။    ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး   အောင် အောင်က    ကျောင်းတိုက်ဆရာ တော်ထံ  လှူဖွယ်ပစ္စည်းများနှင့် ရွှေဆိုင်းများကို   လည်းကောင်း၊ တိုင်းမှူးနှင့်   တာဝန်ရှိသူများ၊ အလှူရှင်များက တာဝန်ရှိသူများ ထံ အလှူတော်ငွေများကိုလည်း ကောင်း အသီးသီးပေးအပ်လှူဒါန်း ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ  အမျှပေးဝေကြ သည်။ ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယ ဗိုလ်ချုပ်ကြီး    အောင်အောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့်   ဒေသခံတိုင်းရင်းသား ပြည်သူများအား   ရင်းရင်းနှီးနှီး လိုက်လံ    နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်