
နေပြည်တော် မေ ၃၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ တွင် ငွေကျပ် ၁ ဒသမ ၂၇၅ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တ မင်း(Ketamine) ကီလို ၁၅၀ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၉ ရက် ည ၉ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပျဉ်းမြို့ အလယ်ပိုင်းရပ်ကွက် နမ့်ပိန်းချောင်းအနီးတွင် လှိုင်မင်းထွန်း မောင်းနှင်ပြီး စိုင်းဆမ်လိုက်ပါလာသည့် PAJERO မော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုး ငွေကျပ် ၁ ဒသမ ၂၇၅ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၁၅၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၁၀ နာရီ၌ မိုင်းပျဉ်းမြို့တွင် စိတ်ပြောင်းဆေးဝါး ကက်တမင်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းယီ၊ နန်းဟုန်၊ စိုင်းငို့ နှင့် စိုင်းလင်းတို့ လေးဦး ကို မော်တော်ဆိုင်ကယ် လေးစီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ကျိုင်းတုံ မြို့ (၄) ရပ်ကွက်နေ စိုင်းလုံကျောက် (ခ) စိုင်းနွံကျောက်က သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို မိုင်းပျဉ်းမှ ကျိုင်းတုံသို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ပြီး ၎င်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်းသိရသည်။ သတင်းစဉ်