မိုင်းဖုန်း ဆရာတော်ဘုရားကြီး၏ သက်တော် ၆၀ ပြည့် ဝိဇာတမွေးနေ့ကို လွန်းလိန်သာသနာ့နယ်မြေတွင် ငါးရက်ကြာ ကျင်းပပြုလုပ်မည်

 

ရန်ကုန်    ဒီဇင်ဘာ    ၂၅ 


မိုင်းဖုန်းဆရာတော် ဘုရားကြီး၏ သက်တော်  ၆၀ ပြည့်   ဝိဇာတ မွေးနေ့ကို   လွန်းလိန်သာသနာ့ နယ်မြေ၌   ငါးရက်ကြာ  ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း  တောင် တန်း    သာသနာပြုဆရာတော် ဦးသုခမိန္ဒက     မိန့်ကြားသည်။


သက်တော်   ၆၀ နှစ်ပြည့်အဖြစ် ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့ မင်္ဂလာအား  ရှမ်းပြည်နယ်အရှေ့ ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း (က)ကျေးရွာအုပ်စု    ပါဆာရွာရှိ လွန်းလိန်    သာသနာ့မြေတွင် လာမည့်  ၂၀၂၄  ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၅  ရက်အထိ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။


“ခါတိုင်းနှစ်လိုပဲ ဇန်နဝါရီ ၁ ရက်ကနေ ၅ ရက်အထိ ကျင်းပ မယ်။  အလှူတစ်ခုအနေနဲ့လည်း ကျင်းပတာ ဖြစ်တယ်။ ဆရာတော် တရားဟောပလ္လင်မှာ တရားဟော မယ်။   သီးသန့်အဖူးအမြော်  ခံဖို့ တော့မရှိပါဘူး”  ဟု  ဆရာတော် က မိန်ကြားသည်။


အခမ်းအနား အစီအစဉ်အရ ဇန်နဝါရီ  ၁ ရက် မှ ၃ ရက်အထိ နံနက် ၄ နာရီတွင် လွန်းလိန်စေတီ တော်၌ ဘုရားဝတ်တက်ပြီး ပန်းခြံ အတွင်း    ဆွမ်းတော်ဆက်ကပ် လှူဒါန်းခြင်း နံနက် ၉ နာရီတွင် ပူတာအို      စေတီတော်အတွင်း သို့   ကျောက်တုံး၊ ကျောက်ခဲများ ထည့်လှူခြင်း၊  နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၃ နာရီတို့တွင် ပန်းခြံတရား ဟောစင်မြင့်၌ မိုင်းဖုန်းဆရာတော် တရားဟောခြင်း၊  ညနေ ၆ နာရီ နှီးဘုရားကျောင်းတွင်   မိုင်းဖုန်း ဆရာတော်နှင့်အတူ   ဘုရားဝတ် တက်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း အခမ်းအနားအစီအစဉ်အရ သိရ သည်။


ထို့ပြင် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီတွင်  လွန်းလိန်စေတီတော် တွင် ဘုရားဝတ်တက်ပြီး  ပန်းခြံ ထဲတွင်     ဆွမ်းတော်ဆက်ကပ် လှူဒါန်းခြင်း၊ နံနက် ၁၁နာရီတွင် ဆရာတော် သက်တော်  ၆၀ ပြည့် စေတီတော်အား ထီးတော်တင်လှူ ခြင်း၊ မွန်းလွဲ  ၃ နာရီ ပန်းခြံတရား ဟောစင်မြင့်တွင် မိုင်းဖုန်းဆရာ တော်ဘုရားက   တရားဟောခြင်း၊ ညနေ  ၆ နာရီ နှီးဘုရားကျောင်း တွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ဘုရားဝတ်တက်ခြင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ဇန်နဝါရီ ၅ ရက် နံနက်  ၄  နာရီတွင် လွန်းလိန်း စေတီတော်တွင် ဘုရားဝတ်တက် ပြီး   ပန်းခြံထဲတွင်   ဆွမ်းတော် ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီ     နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်အား  ကံဇာ တာထပ်မင်္ဂလာပြုခြင်း၊  မွန်းလွဲ ၃ နာရီ  ပန်းခြံတရားဟောစင်မှ မိုင်းဖုန်းဆရာတော်အား ဝေါယာဉ် ဖြင့် ရေသွန်းမဏ္ဍပ်သို ပင့်ဆောင် ခြင်း      ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


မိုင်းဖုန်းဆရာတော်   ဘုရား အနေဖြင့် ၎င်း၏ မွေးနေ့ ဇန်နဝါရီ ၅   ရက်တွင်     စကားမပြောဘဲ  ဝဇီပိတ်နေထိုင်   သီတင်းသုံးမည် ဖြစ်ကြောင်း   ဇန်နဝါရီ ၆ ရက် နံနက်   ၉  နာရီ၌    နှီးဘုရား ကျောင်း တွင်  မိုင်းဖုန်းဆရာတော် အား  လာရောက်ကန်တော့ခြင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း  သိရ သည်။


ဝိဇာတ       မွေးနေ့မင်္ဂလာ သတ်မှတ်ရက်များ    အတွင်း၌ ကန့်သတ်နေရာများတွင်   ဈေး ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဈေးရောင်းချရန်   နေရာများကို ဝမ့်မိုင်၊   လွန်းစိုင်းရှိ   ဗုဒ္ဓဂါယာ မဟာဗောဓိ      စေတီဝင်းဘက် တွင် သတ်မှတ်ပေးထားကြောင်း အကျိုးတော်ဆောင်များက အသိ ပေးထားသည်။            


သစ်တော်