မိုင်းဖြတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်၌ တောင်ပြိုမှုများ၊ ရေလျှံမှုများဖြစ်ပွား

 

မိုင်းဖြတ်   သြဂုတ်  ၁၃ 


ရှမ်းပြည်နယ်      (အရှေ့ပိုင်း)တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ၌  သြဂုတ် ၁၂ ရက်က မိုးအဆက် မပြတ်        ရွာသွန်းမှုကြောင့် သြဂုတ်  ၁၃  ရက်တွင် ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ် လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တောင်ပြိုမှုများ၊  ရေကြီးရေလျှံမှု များ    ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 


ထိုသို့       ဖြစ်ပွားရာတွင်  ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ် သွား   ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ မိုင်တိုင်အမှတ် (၆၉၇/၆၉၉)ကီလိုမီတာကြားတွင်  တောင်ပြိုမှု ဖြစ်ပွားခြင်း၊ (၇၁၉/၇၂၈)ကီလို မီတာကြားတွင်        တောင်ပြိုမှု ဖြစ်ပွားခြင်း၊  ကားလမ်းပေါ်သို့  နမ့်လုံချောင်း ရေလျှံမှုများ ဖြစ်ပွား ခြင်း၊   တောညုကျေးရွာအုပ်စု ဆိုက်ခေါင်(အမက)မူလွန်ကျောင်း အတွင်း ချောင်းရေ  ငါးပေခန့် ဝင်ရောက်ခြင်းတို့ ဖြစ်ပွားကြောင်း သိရသည်။ 

 


အဆိုပါ  တောင်ပြိုမှုကြောင့် လမ်းပိတ်ဆို့မှု   မဖြစ်ပေါ်စေရေး အတွက် နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီ ညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး    ရဲမှူးတင်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊   ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးအေးချမ်းမျိုးနှင့် တာဝန်ရှိသူများ၊  လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊   မီးသတ်တပ်ဖွဲ့ ဝင်များ၊         သော်တာဝင်းလမ်း ကုမ္ပဏီမှ   တာဝန်ရှိသူများက   လမ်းပိတ်ဆို့မှု        မဖြစ်စေရေး၊ ယာဉ်များ  ဖြတ်သန်းသွားလာရာ တွင်   အန္တရာယ်မဖြစ်ပေါ်စေရေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကို             ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
ထို့အတူ  အဆိုပါတောင်ပြိုမှု ကြောင့် ကျိုင်းတုံ-မိုင်းဖြတ်ကြား ဖိုက်ဘာလိုင်းများ ပြတ်တောက်လျက်ရှိပြီးအင်တာနက်လိုင်းများ မကောင်း၍ ရတနာပုံ  ဖိုက်ဘာ အဖွဲ့က  ပြုပြင်မှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

 


မိုင်းဖြတ်မြို့နယ်တွင် သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့်        ဝမ်ပုံ ချောင်း၊ နားလီးချောင်း၊  မိုင်းဟဲ ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်း ရေများ     ပြည့်လျှံလျက်ရှိရာ   ချောင်းများအနီးရှိ       စိုက်ပျိုး လျက်ရှိသည့် မိုးစပါးစိုက်ခင်းများ ရေဖုံးလွှမ်းမှု   ဖြစ်ပေါ်လျက်ရှိ ကြောင်း         သိရသည်။             


မြို့နယ် (ပြန်/ဆက်)