မိုင်းကိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ထုတ်ချေး

 

မိုင်းကိုင်   ဇန်နဝါရီ    ၂၂


ရှမ်းပြည်နယ်တောင်ပိုင်း   မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာ စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း မှ ရန်ပုံငွေကျပ်သိန်း ၃၀၀ ထုတ်ချေးခြင်းကို  ဝမ်ဟွေအွမ်ကျေးရွာအုပ်စု နောင်ယန်းကျေးရွာ ၌ ယနေ့နံနက်  ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးသည်။

 


ရှေးဦးစွာ မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းက  ချေးငွေထုတ်ချေးပေးရခြင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နောင်ယန်း-နမ့်ဆိုင်လီ ကျေးရွာ နှစ်ရွာ   တစ်ယူနစ်မှ   မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များက စပါး၊ ပြောင်း၊ လက်ဖက် အစရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မည့် အသင်းသူ အသင်း သား စုစုပေါင်း ၄၄ ဦးထံသို့ ချေးငွေကျပ်သိန်း ၃၀၀ ကို အတိုးနှုန်း ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်းဖြင့်     အသင်းသူ   အသင်းသားများ၏ လက်ဝယ်အရောက် နေ့ချင်းပြီး ထုတ်ချေးပေး ကြောင်း သိရသည်။                        

 ငြိမ်းသူ