
သီပေါ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပေါ်ကြိုဘုရားကြီး ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဗဟုဇနဟိတဓရ မဟာ ဓမ္မကထိက ဘဒ္ဒန္တဒေဝိန္ဒအရှင်သူမြတ်သည် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေရကျေးရွာသို့ ရောက်ရှိလာသော တိုက်ပွဲ ရှောင်ပြည်သူများအတွက် အိမ်ထောင်စု ၂၀၀ ကျော်ကို ဆန်နှင့် အခြေခံ စားသောက်ကုန်များ၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်နှင့် မုန့်များအပြင် အဝတ်အထည်များကို ယနေ့သွားရောက် လှူဒါန်း ကြောင်း သိရသည်။
စိုင်း(သီပေါ)