မိုင်းဆတ်မြို့နယ်ရှိ အဲန်းလူမျိုးများနေထိုင်ရာဒေသ၌  ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီး


 

 

နေပြည်တော်   ဧပြီ   ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ (ခြောက်လ)ဘဏ္ဍာရေးနှစ်၊  နယ်စပ်ဒေသ ဖွံ့ဖြိုးရေး    ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ ဒသမ ၇၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းဆတ်ခရိုင်   မိုင်းဆတ်မြို့နယ် မိုင်းလုံးကျေးရွာအုပ်စု  ဝမ်ပြန့်-ဝမ်အင်(အင်)   ကျေးရွာချင်းဆက်လမ်း  ၁/၀  မိုင် ကျောက်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်     ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးမှုကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ပျောက် ကွယ်လုနီးပါးရှိနေသည့် အဲန်းတိုင်းရင်းသား လူမျိုးစု များ၏ လူမှုစီးပွားဘဝများ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။               
  သီဟစည်သူ