မိုးနဲမြို့ရှိ မြို့မဈေးကို ကိုဗစ်- ၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

 

မိုးနဲ   ဒီဇင်ဘာ   ၅


ရှမ်းပြည်နယ်တောင်ပိုင်း  မိုးနဲမြို့ နယ်တွင် နိုဝင်ဘာ ၂၀ ရက်မှ ယာယီပိတ်ထားသော မြို့မဈေး ကြီးကို   ယမန်နေ့က ကိုဗစ်- ၁၉ စည်းကမ်း   သတ်မှတ်ချက်များ နှင့်အညီ     ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း မြို့နယ်  ကိုဗစ်- ၁၉   ရောဂါကာကွယ်၊  ထိန်းချုပ်၊         ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

 


ဈေးများဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင် ဈေးရောင်းသူများ အနေဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့် ကိုက်ညီမှုရှိသူများ ကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုခြင်း၊ သတ်မှတ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများကို သာ  ဈေးအတွင်း  ဈေးဝယ် ယူခွင့်ပြုခြင်းများကို  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု ဖြင့်   မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ ၊    မြို့နယ်ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊  ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊    မြို့နယ်မီးသတ် တပ်ဖွဲ့၊    မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ      ပါဝင် သောပူးပေါင်းအဖွဲ့က ဆောင်ရွက် လျက်ရှိသည်။

 

ဈေးသို့လာရောက် သူများအား ကာကွယ်ဆေးထိုးနှံ ပြီးကြောင်း သက်သေခံလက်မှတ် များစစ်ဆေးခြင်း၊    ကာကွယ် ဆေး    မထိုးနှံရသေးသူများအား ကာကွယ်ဆေး   ထိုးနှံပေးခြင်း၊ နှာခေါင်းစည်းများ    အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး     အသိပညာပေး နှိုးဆော်ခြင်းများကို    ပူးပေါင်း ဆောင်ရွက်လျက်ရှိကာ  မြို့နယ် အတွင်း        ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့မ ဈေးကြီးကို အပတ်စဉ်  ဈေးနေ့ တစ်ရက်တည်းသာ       ဖွင့်လှစ် ရောင်းချခွင့်       ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးညွန့်ရွှေ (ပြန်/ဆက်)