
v အတွေးပီသ ရေးသီကြတဲ့
ရှေးဂီတရဲ့ သံစဉ်တွေ
အေးကြည်မြတဲ့ ဂန္ထဝင်အမွေ။
v ကာရန် စာမှန် ရှာကြံကြတဲ့
ကဗျာဟန်အလှနဲ့တေးသံတွေ
မဟာဆန်လှတဲ့ ရှေးဟန်ပေ။
v ထံတျာ မှန်စွာ ဟန်ပါလှလို့
ဖန်တစ်ရာမက တို့နားဆင်လည်း
အသံသာလှသမို့ နားတွင်စွဲ။
v စည်းဝါး နည်းမမှား မှီးထားကြလို့
ကြီးပွားများလျက် မြန်မာ့ဂီတ
နည်းခြားများထက် အလှပီသ သဟေ့။
v မျိုးမာန် အဖိုးတန် အရိုးခံအလှမို့
ဆိုးဟန် မသတဲ့ နရီအလှပေ
မျိုးမာန်မချခဲ့ ဂီတအမွေ။
v ဆင့်ကမ်း ပွင့်ပန်း တင့်ဆန်းလှပ
အမြင့်နန်း မြန်မာ့အလှ ယှဉ်ဖက်ကာ
ခွင့်လမ်းရသမျှ တင်ဆက်လာ။
v အနောက်ဟန် ဖောက်ပြန် မောက်ဟန်အပြနဲ့
ဖျောက်မာန် အကနဲ့ တေးသံတွေ
မထောက်ခံကြနဲ့ ဘေးရန်သွေ။
v ရိုးရာ တိုးကာ မျိုးမြန်မာအစစ်တို့
ဖြိုးရှာရစ်ဖို့ တွေးကာအတည်
ကြိုးကာလှစ်လို့ တေးကဗျာစီ သဟေ့။
v အမျိုးသားရေး
နိုးကြားတေးအဖုံဖုံနဲ့
ဂီတပီသခြုံ ထက်ဗွေနန်းဆီက
လျှမ်းဂုဏ် ဆန်းစုံစွာဖြင့်
မျိုးမြန်မာ ရိုးရာကိန်း
(အလိုကွယ်)ထိန်းသိမ်းတဲ့ပွဲ။
မောင်လေပြေ(တောင်တွင်း)
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဂုဏ်ပြုလျက်။