မိုးမိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

 

မိုးမိတ်   အောက်တိုဘာ ၂၀ 


ရှမ်းပြည်နယ်မြောက်ပိုင်း  မိုးမိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုလျှော့ချစေရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား  ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ်  စတင်ထိုးနှံပေးခြင်းကို  ယနေ့   နံနက်  ၈  နာရီမှစတင်ကာ  အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က      (ညောင်ပင်စောက်)တို့တွင်  စုရပ်သုံးရပ်နေရာခွဲ၍  ထိုးနှံပေးလျက်ရှိသည်။

 


မိုးမိတ်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား  ကျောင်းသူပေါင်း ကျောင်းသား ၈၁၃ ဦး၊ ကျောင်းသူ ၉၈၄ ဦးရှိကြောင်း သိရသည်။  ထိုသို့   ထိုးနှံရာတွင် နယ်မြေခံတပ်နယ်မှ  ဗိုလ်မှူးကြီးဖြိုး မင်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင်၊  ခရိုင်ရဲတပ် ဖွဲ့မှူး   ဒုတိယရဲမှူးကြီး  ကျော်ဇော်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်တို့က အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်း များက  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။                                     
မိုးမိတ်သား