မိုးကုတ်မြို့နယ်၌ ငွေကျပ်သိန်း ၅၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

 

နေပြည်တော်  ဇန်နဝါရီ  ၂၄
မိုးကုတ်မြို့နယ်၌  ငွေကျပ်သိန်း ၅၈၀၀ ကျော်တန်ဖိုးရှိ   စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ      မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇန်နဝါရီ ၂၂ ရက် ညနေ ၄  နာရီခွဲတွင်    မိုးကုတ်မြို့နယ် မိုးကုတ်- မိုင်းလုံ သွားကားလမ်း လယ်ကြီး  ပူးပေါင်းစစ်ဆေးရေး စခန်း၌ မိုင်းလုံမှ မိုးကုတ်ဘက်သို့ စိုင်းကျော်ဌေး   မောင်းနှင်ပြီး  မနန်းခမ်းဆွေနှင့်   သိန်းဝင်း အောင်တို့    လိုက်ပါလာသည့်      TOYOTA    AVANZA      မော်တော် ယာဉ် ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်  သိန်း  ၅၈၀၀  ကျော် တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား  ၃ ဒသမ ၉     သိန်း    သိမ်းဆည်းရမိခဲ့  သည်။
     စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ   စိတ်ကြွရူးသွပ် ဆေးပြားများအား  ရှမ်းပြည်နယ်  (မြောက်ပိုင်း)မှ   မန္တလေးတိုင်း ဒေသကြီးသို့  သယ်ဆောင်ခြင်း ဖြစ်ကြောင်း   သိရှိရသဖြင့်  ၎င်းတို့  သုံးဦးအား    ဥပဒေအရအရေး ယူထားရှိပြီး    ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား  ဆက်လက် စစ်ဆေး         ဖော်ထုတ်လျက်ရှိ ကြောင်း  သိရသည်။ 
သတင်းစဉ်