မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေး ရခိုင်ပြည်နယ်သို့ မျိုးစပါး တင်း ၇၀၀၀၀ ကျော် ပေးပို့သွားမည်

 

နေပြည်တော် ဇွန်    ၂၄


ရခိုင်ပြည်နယ်  မိုခါမုန်တိုင်းဒဏ် သင့် တောင်သူလယ်သမားများ   မိုးစပါးအချိန်မီ   စိုက်ပျိုးနိုင်ရန် အတွက် လိုအပ်နေသော မျိုးစပါး များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှု ကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက မျိုးစပါး ၇၃၃၉၇  တင်းကို   ပေးပို့ရန်စီမံ လျက်ရှိကြောင်း သိရသည်။

 


ပြည်ထောင်စုနယ်မြေ   နေပြည်တော်မှ မျိုးစပါးများကို  တပ်မတော်သားများ၊   မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့်  မြန်မာ့   တပ်မတော်          မော်တော်ယာဉ်များပေါ်သို့    တင်ဆောင်နေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က သွားရောက်ကြည့်ရှုအားပေးကြသည်။

 


နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများအတွင်း ရှိ    မျိုးစေ့ထုတ်    တောင်သူလယ်သမားများ  အစုအဖွဲ့များနှင့်      မျိုးစေ့ထုတ်ကုမ္ပဏီများ က   ထုတ်လုပ်သည့်    ပေါ်ဆန်းစပါးမျိုးများ၊ နှံကောက်နှင့်  GW-11 မျိုးစပါးများကို ရခိုင် ပြည်နယ်အတွင်းရှိ စပါးစိုက်တောင်သူများထံ မိုးစပါးစိုက်ချိန်အမီ ဖြန့်ဖြူးပေးနိုင်ရေးအတွက် တပ်မတော်မော်တော်ယာဉ်များဖြင့် စစ်တွေမြို့ သို့ အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။   


သတင်းစဉ်