မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှ ပေးပို့သည့် အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံ

 

ရန်ကုန်   မေ    ၂၄ 
ထိုင်းနိုင်ငံဘုရင်မင်းမြတ်     His Majesty King Maha Vajiralong-korn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimala-lakshana ၊   ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာ   ချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍနှင့်    ထိုင်း ပြည်သူများမှ     မိုခါမုန်တိုင်း ဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ယာယီတဲများ နှင့် အမိုးအကာများ၊ ဆိုလာမီးအိမ် များ၊  ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင်များ၊     ငါး သေတ္တာများနှင့်    အသင့်စား ခေါက်ဆွဲခြောက်များ  သယ်ဆောင် လာ သည့် ထိုင်းတော်ဝင်လေတပ်မှ C - 130    လေယာဉ်နှစ်စင်းသည်  မေ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန် လေဆိပ်သို့  ဆိုက်ရောက်ခဲ့သည်။
လေဆိပ်သို့   ရောက်ရှိလာ သည့် အကူအညီပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ   ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာမုံခွန်း ဝိစစ် စတန်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ လွှဲပြောင်းပေးအပ်သည်။ 
တက်ရောက်
အဆိုပါ    အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး     လူမှုရေး ဝန်ကြီး   ဦးအောင်ဝင်းသိန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။
ဆက်လက်ပေးပို့    
ဖြန့်ဖြူးသွားမည်
ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရား နှင့် ထိုင်းပြည်သူတို့က လှူဒါန်း သည့်   တန်ချိန် ၂၀   ခန့်ရှိသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ  အကူအညီများအား   မိုခါ မုန်တိုင်းဒဏ်သင့်    ဒေသများရှိ ပြည်သူများထံသို့   ဆက်လက် ပေးပို့     ဖြန့်ဖြူးသွားမည်ဖြစ် ကြောင်း သိရှိရသည်။ သတင်းစဉ်