မိုခါကို သက်သေပြု၍ . . . . . အေးချမ်းပါစေ မြေပုံမြေ

Type
5

 

မောင်နွေသစ်
 

အဖျက်စွမ်းအားကြီးမားတဲ့  မိုခါမုန်တိုင်း ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ် ခဲ့တာ လာမယ့်   မေလ ၁၄ နေ့ရက်ဆိုရင် တစ်နှစ်တင်းတင်းပြည့်ပြီ။       မိုခါကို အန်တုဖို့  မြန်မာနိုင်ငံသူ၊  နိုင်ငံသားတွေ ဟာ     သွေးချင်းညီအစ်ကိုတွေဖြစ်တဲ့ ရခိုင်ပြည်နယ်သူ     ပြည်နယ်သားတွေ အပေါ်    ကျရောက်လာမယ့်     သဘာဝ ဘေးဆိုးကြီးကို     စည်းလုံးညီညွတ်မှု စွမ်းပကားနဲ့   ဝိုင်းဝန်းကာကွယ်ကူညီခဲ့ ကြတယ်။ မုန်တိုင်းကျရောက်စဉ် ငွေအား၊ လူအား၊ ပစ္စည်းအားပါမကျန်  အစွမ်းကုန် ထောက်ပံ့ပေးခဲ့ကြတယ်။     ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ     အမြန်ဆုံး ပြီးမြောက်အောင်             ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ချက်တွေဟာ ကျွန်တော်တို့ အားလုံး    “အရေးကြီးရင်    သွေးနီး၊ အရေးကြုံရင်သွေးဆုံ”တယ်ဆိုတဲ့ စကား ကို သက်သေထူပြလိုက်ခြင်းပဲဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်
မုန်တိုင်းဝင်လုဆဲဆဲ မေလ ၁၄ ရက် နေ့ နံနက်စောစောမှာတော့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုတဲ့  အကြီးအကဲပုဂ္ဂိုလ်တွေဟာ   မြန်မာနိုင်ငံဘက်ကို  ဝင်ရောက်တော့မယ့်  မုန်တိုင်းအခြေအနေ        ရှိနေတာကြောင့်    သဘာဝဘေးအန္တရာယ်    မကျရောက်မီနဲ့  ကျရောက်ပြီးအချိန်မှာ      လိုအပ်တဲ့   အရေးပေါ်စီမံခန့်ခွဲခြင်း၊    တုံ့ပြန်ခြင်း၊  ကယ်ဆယ်ရေးနဲ့   ပူးပေါင်းဆောင်ရွက် ခြင်း၊  အသင့်ပြင်ဆင်   စုဖွဲ့ထားရှိခြင်းနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ     ကိုယ်စီ လုပ်ငန်းတာဝန်တွေ  ဆောင်ရွက်ပေးနိုင် ဖို့     သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံ ခန့်ခွဲရေး အရေးပေါ်အစည်းအဝေးတစ်ရပ် ကာကွယ်ရေးဦးစီးချုပ်ရုံး  စုဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ နိုင်ငံတော်ဝန်ကြီး ချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မုန်တိုင်း သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန် ပေးခဲ့တဲ့အကြောင်း၊ လွန်ခဲ့တဲ့ သုံးရက်ခန့် ကတည်းက  အနီရောင်အဆင့်  မုန်တိုင်း သတိပေးချက်ကို ဆောလျင်စွာထုတ်ပြန် ဆောင်ရွက်ခဲ့တဲ့အကြောင်း၊    ထိခိုက် ဆုံးရှုံးမှု         နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမယ်ဖြစ်​ကြောင်း၊ မုန်တိုင်း ဒဏ်ခံရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ   အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ ပြောကြားခဲ့တာကိုလည်း သတိပြုမိပါတယ်။
ဒါကြောင့်လည်း   ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ   ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့         နိုင်ငံတစ်ဝန်းက တပ်မတော်သားတွေ၊   ရဲတပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ       မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနအလိုက်  နိုင်ငံ့ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေဟာ  အသုတ် လိုက်၊ အသုတ်လိုက် မုန်တိုင်းဝင်ရောက် ရာ    ရခိုင်ပြည်နယ်   မြို့အသီးသီးသို့ ဦးတည်ထွက်ခွာသွားကြပါတယ်။
ကူညီကယ်ဆယ်ရေးပစ္စည်းတွေဖြစ် တဲ့   အစားအသောက်၊  အဝတ်အထည်၊ ပန်းကန်ခွက်ယောက်နဲ့  ဆေးဝါးများပါ မကျန်    တင်ဆောင်ထားတဲ့   မော်တော် ယာဉ်တန်းတွေ၊ သ​င်္ဘောကြီးတွေဆိုတာ လည်း  စစ်တွေမြို့ကို  ဦးတည်ထွက်ခွာ ကြပါတယ်။ ဒါ့အပြင် အိမ်ဆောက်ပစ္စည်း တွေဖြစ်တဲ့ သွပ် ၊ သံ၊ သစ်၊  ဘိလပ်မြေ အိတ်တွေ တင်ဆောင်ထားတဲ့ သင်္ဘောကြီး တွေဆိုလည်း   မနည်းမနော    မုန်တိုင်း မကျရောက်မီနဲ့    ကျရောက်ပြီးကာလ တွေမှာ  နေ့စဉ်ရက်ဆက်  ထွက်ခွာသွား တာ သတိပြုမိပါတယ်။
တားမရတဲ့သဘာဝဘေး
သဘာဝဘေးဆိုတာ   မဖြစ်အောင် တားဆီးလို့    မရနိုင်ပါဘူး။    ထိခိုက်မှု လျော့နည်းအောင်  ကြိုတင်ကာကွယ်တဲ့ နည်းလမ်းပဲ ရှိပါတယ်။  နောက်ဆုံးမှာ တော့  ဘင်္ဂလားပင်လယ်အော်မှာ စတင် ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဟာ    ၂၀၂၃ ခုနှစ်   မေလ  ၁၄  ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်အချိန်ကစပြီး ရခိုင်ကမ်းရိုးတန်းရှိ    စစ်တွေမြို့အနီး ကနေ ကုန်းတွင်းပိုင်းကို စတင်ဖြတ်ကျော် ဝင်ရောက်ခဲ့ပါတယ်။    ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိတဲ့အနက်က မြောက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊   မင်းပြား၊  ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊   မြေပုံမြို့နယ် တွေဟာ      ပိုပြီးထိခိုက်ပျက်စီးသွားခဲ့ ပါတယ်။
မုန်တိုင်းဆိုတဲ့အတိုင်း      တကယ့် ကြောက်ဖွယ်ရာပါပဲ။     လေကကြမ်း၊ မိုးကသည်းနဲ့ အိမ်ခေါင်မိုးသွပ်ပြားတွေ ဆိုတာ တဂျမ်းဂျမ်း လန်ထွက်ကုန်ပြီ၊ လမ်းမပေါ်က     သစ်ပင်ကြီးတွေဆိုတာ ကျွမ်းထိုးမှောက်ခုံ   ကျွတ်ထွက်ကုန်တာ မြင်မကောင်းရှုမကောင်း၊      လမ်းဘေး ဓာတ်တိုင်တွေဆိုတာလည်း   ဇက်ကျိုး၊ ခါးပြတ်တွေချည်းပဲ၊  မဟာဓာတ်အား လိုင်းတိုင်တွေ၊    ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်တွေ ဆိုတာလည်း ဇောက်ထိုး မိုးမျှော်တွေ   ဖြစ်လို့ပါလား။  မိုးသည်း လေကြမ်းလို့  အမြစ်မကျွတ်သော်လည်း အချို့အပင်တွေဟာ တောမီး​လောင်ထား သလို  သစ်ရွက်တွေမရှိတော့။   နေအိမ် အဆောက်အအုံတွေဆိုတာလည်း ပြိုတဲ့ အိမ်တွေကပြို၊   အမိုးလန်တဲ့အိမ်တွေက လန်ကျနဲ့   တကယ့်ကို  စိတ်ချောက်ချား စရာ မြို့ပျက်ကြီးတွေ ဖြစ်နေပါလား။ 
ဒီအထဲ   သစ်ပင်ပိလို့၊    အိမ်ပေါ်က ပြုတ်ကျလို့၊     ရေနစ်လို့စတဲ့  ထိခိုက်သူ တွေဆိုတာတွေလည်းရှိတော့    ငိုကြွေး အော်ဟစ်သူတွေဆိုတာလည်း နေရာအနှံ့ မြင်ရ၊   တွေ့ရ၊  ကြားရတော့   တကယ့် အနိဋ္ဌာရုံမြင်ကွင်းတွေပါပဲ။   ဒီကြားထဲ နေစရာဆိုတာ  မရှိ၊ စားစရာဆိုတာ နတ္ထိ ဆိုတော့  ခိုင်မာတဲ့တိုက်အိမ် သွားနားခိုမိ လို့         တိုက်ပြိုအုတ်နံရံပိတဲ့သူတွေဆို လည်းရှိသေး။     မုန်တိုင်းရဲ့     ရက်စက် ကြမ်းကြုတ်မှုကတော့     ပြောမကုန် အောင်ပါပဲ။
မိုခါဒဏ်ခံရတဲ့ မြေပုံမြို့နယ်
အဖျက်စွမ်းအားကြီးမားတဲ့    မိုခါ မုန်တိုင်းဒဏ်ခံရတဲ့    မြို့နယ်တွေထဲမှာ မြေပုံမြို့နယ်လည်း    အပါအဝင်ဖြစ်ပါ တယ်။   မုန်တိုင်းအပြီး   ထိခိုက်ပျက်စီး မှု       စာရင်းကောက်ကြည့်လိုက်တော့ လူသေဆုံးမှုတစ်ဦးသာ         ရှိပါတယ်။ တိရစ္ဆာန်သေဆုံးမှုအနေနဲ့ကတော့   ကျွဲ ၃၇ ကောင်၊  နွားအကောင်၂၀ ၊ ဝက် ၁၅ ကောင်ဆိုတော့    အခြားမြို့နယ်တွေနဲ့ စာရင်  ထိခိုက်မှုအနည်းဆုံးလို့    ဆိုနိုင် ပါတယ်။
လူနေအဆောက်အဦ    ပျက်စီးမှုက တော့      တစ်စိတ်တစ်ပိုင်းပျက်စီးမှု အဆောက်အဦ  ၆၃၉၁  လုံး၊ လုံးဝပျက်စီး မှု ၁၁၂၈ လုံးနှင့် တဲအိမ် ၁၁၂၈ လုံး ပျက်စီး သွားခဲ့ပါတယ်။ ဌာနဆိုင်ရာ ရုံးအဆောက် အဦ   ၂၉  လုံး     ပျက်စီးခဲ့ပါတယ်။ ကျောင်းအနေနဲ့ကတော့   မူလတန်း၊ အလယ်တန်း၂၄ ကျောင်း၊အထက်တန်း ၁၅ ကျောင်း  ပျက်စီးပြီးတော့ ကျေးလက် ကျန်းမာရေးဌာန နှစ်ခု၊ ဆေးရုံ၊ ဆေးခန်း ကိုးခု ပျက်စီးခဲ့ပါတယ်။ လူနေအဆောက် အဦနေအိမ်တွေ၊ ရုံးအဆောက်အဦတွေ၊ ကျောင်းတွေ၊    ဆေးရုံဆေးပေးခန်းတွေ ဒီလောက်ပျက်စီးသွားခဲ့တာ    ပျက်စီးမှု ပမာဏ     များပြားတယ်ဆိုတာ    သိသာ  ပါတယ်။
မြေပုံမြို့နယ်မှာ       ဘာသာရေး အဆောက်အဦ ပျက်စီးမှုအနေနဲ့ကတော့ စေတီတစ်ဆူ၊   ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်း၊  ဗလီတစ်လုံး၊ သာသနိက အဆောက်အဦ  ၄၃  ခု   ပျက်စီးသွားခဲ့ပါ တယ်။ ဒါ့ပြင် ဓာတ်တိုင်ပေါင်းအခု ၄၀ ၊ လမ်းနှစ်လမ်း၊  တံတားလေးစင်းလည်း ပျက်စီးသွားခဲ့ပါတယ်။
မြေပုံမြို့နယ်မှာ လယ်ယာနဲ့ သားငါး ပျက်စီးမှုအနေအထားကတော့     သီးနှံ ဥယျာဉ်ခြံမြေ  ၃၆  ဧက၊ ပုစွန်ကန်  ၂၃၅၈ ဧက ရှိပါတယ်။  ပျက်စီးမှုတန်ဖိုး ငွေကျပ် သန်းပေါင်း ၁၂၇၇ ဒသမ ၆၇၇ သန်းဖြစ်ပါ တယ်။အဓိက ကတော့ ရေငန်တားတမံ တွေ       ကျိုးပေါက်သွားခဲ့တာကြောင့် ပုစွန်ကန်များစွာ   ပျက်စီးဆုံးရှုံးသွားခဲ့ ရပါတယ်။  ငါးမန်းရဲကျွန်းတာ  အပိုင်း(၁)နဲ့ အပိုင်း(၂)  တာရေကျော်တိုက်စားခြင်း၊ တာကျိုးပေါက်ခြင်းတို့   ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေး
မုန်တိုင်းပြီးသွားပြီဆိုတော့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ    စတင်လုပ် ကြရပါတယ်။  ဒီပြန်လည်ထူထောင်ရေး လုပ်ငန်းကို        ထိထိရောက်ရောက် လျင်လျင်မြန်မြန်  ပြီးမြောက်အောင်မြင် စေဖို့ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ် အပါအဝင်  မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ် တွေမှာ  တပ်မတော်သားအရာရှိကြီးတွေ ကို တစ်မြို့နယ်တစ်ယောက်နှုန်း ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။    သူတို့ကိုလည်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့    ဒုတိယ ဗိုလ်ချုပ်ကြီး         ထွန်းထွန်းနောင်တို့က စစ်တွေမြို့ကနေ     အနီးကပ်ကြီးကြပ် ကွပ်ကဲဆောင်ရွက်တာ  တွေ့ရပါတယ်။  ဒါကလည်း    လုပ်ငန်းတစ်ခုပြီးမြောက် အောင်မြင်စေဖို့   အကောင်းဆုံး   စီမံ ကွပ်ကဲဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ 
မြေပုံမြို့နယ်ရဲ့   ပြန်လည်ထူထောင် ရေးလုပ်ငန်းကို ထိရောက်စွာလုပ်ကိုင်နိုင် ဖို့  ရောက်ရှိလာသူကတော့ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးပဲဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးဟာ  မေလ ၁၉ ရက်နေ့က စပြီး  မုန်တိုင်းဒဏ်ခံရတဲ့  မြေပုံမြို့နယ် ကိုရောက်ရှိခဲ့ပြီး အဆောက်အဦး အပျက် အစီးစာရင်းများ    ကောက်ယူဖို့၊   လူနဲ့ တိရစ္ဆာန် သေကျေပျက်စီးမှု၊  လယ်ယာနဲ့ တာတမံတွေ ပျက်စီးမှုစာရင်းကောက်ယူ ဖို့     မြို့နယ်တာဝန်ရှိသူတွေနဲ့  တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း      သတင်းများက ဖော်ပြထားပါတယ်။ 
မေလ ၂၂  ရက်နေ့မှာတော့   မြေပုံ မြို့ပေါ်ရှိ      လေဘေးခိုလုံရာစခန်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို    သွား ရောက်ပြီးတော့ အားပေးစကားပြောကြား တာတွေ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်  အစရှိတဲ့ ရိက္ခာခြောက် လှူဒါန်းတာတွေ   လုပ်ခဲ့ပြီး ကျောင်းတွေ အမြန်ဆုံးဖွင့်လှစ်နိုင်အောင်     ဝိုင်းဝန်း ဆောင်ရွက်ကြဖို့     တာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့  ဆိုပါတယ်။ မေလ ၂၃    ရက်နေ့မှာတော့    မြေပုံမြို့ပေါ်မှာပဲ ကျောင်းများ   အမြန်ဖွင့်နိုင်ရေး   ကျောင်း ပတ်ဝန်းကျင်တွေမှာ      သန့်ရှင်းရေး ဆောင်ရွက်နေတဲ့  နယ်မြေခံတပ်မတော် သားတွေ၊  ရဲတပ်ဖွဲ့ဝင်တွေ၊  ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊     မြို့နေပြည်သူတွေနဲ့ တွေ့ဆုံပြီး   ကျောင်းများအမြန်ဆုံးဖွင့်နိုင် ဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါ တယ်။  အဲ့ဒီနေ့မှာပဲ မြေပုံမြို့နယ်အတွင်း အထက ၁၈ ကျောင်း၊  အထက(ခွဲ) ၂၁ ကျောင်း၊ အလက ၁၁ ကျောင်း၊ အလက (ခွဲ)၂၆ ကျောင်း၊ မူလွန် ၂၇ ကျောင်း၊ အမက ၆၂ ကျောင်းနှင့် အမက(ခွဲ) ၆ ကျောင်းတို့ မှာ   ၂၀၂၃ - ၂၀၂၄      ပညာသင်နှစ်အတွက် ကျောင်းအပ်     လက်ခံနေပြီဖြစ်ကြောင်း သိရပါတယ်။
ဗိုလ်မှူးချုပ်     ကျော်ကျော်စိုးနဲ့ တာဝန်ရှိသူတွေဟာ  မေလ ၂၇ ရက်နေ့ မှာတော့  ရခိုင်ပြည်နယ်အစိုးရရဲ့ သဘာဝ ဘေးပြန်လည်ထူထောင်ရေးကော်မတီနဲ့ အလှူရှင်တွေ  ထောက်ပံ့တဲ့ ဆန် ၁၀၄၅ အိတ်၊    ဆီငါးလီတာဘူး   ၂၅၇   ဘူး၊ ခေါက်ဆွဲခြောက်  ၆၅  ဖာ၊    ဘဲဥအလုံး ၂၂၅၀၊      သွားတိုက်ဆေးဘူး    ၂၂၀၀၊ သွားတိုက်တံ   ၂၄၀   တို့ကို   လေဘေးသင့် ပြည်သူတို့ထံ     အမြန်ဆုံးရောက်ရှိရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း၊ မေလ   ၂၈   ရက်နေ့မှာလည်း    ရခိုင် ပြည်နယ်အစိုးရနှင့်       အလှူရှင်တွေ လှူဒါန်းတဲ့   သွပ်ပြားအချပ်ရေ ၄၀၀၀ ၊ ခေါင်မိုးသံဖာ ၂၁၀ ၊   အိမ်ရိုက်သံမျိုးစုံ အထုပ် ၅၀ ၊  ခေါက်ဆွဲခြောက်    ၇၁၇၂ ထုပ်၊ သွားတိုက်ဆေးဘူး  ၇၅  ဂရမ်ပါ ဘူး  ၃၀၀၀၊  ၂၅ ဂရမ်ဘူး ၃၀၀၀၊ သွား တိုက်တံ ၁၂၅၀ ၊  ၂၀ လီတာဆံ့ ရေသန့် ဘူးခွံအလုံး ၅၀၊ တာပေါ်လင်အလိပ် ၅၀၊   အိန္ဒိယထောက်ပံ့တာပေါ်လင်အလိပ်  ၃၀၊ မိုးကာစ အလိပ် ၄၀၊   မိုးကာ ခြောက်ထုပ် နှင့် ဘေထုပ်ခုနစ်ထုပ်တို့ကို လေဘေးသင့် ပြည်သူများ ထံ    အမြန်ဆုံးရောက်ရှိအောင်   ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ မေလ ၃၁ ရက်နေ့မှာတော့  မြေပုံမြို့နယ်  မိုခါမုန်တိုင်း သင့်ပြည်သူ ၃၁၅၅၃ ဦးကို စားရေရိက္ခာ များနဲ့အတူ
အမိုးအကာအောက်  အမြန်ဆုံး ရောက်ရှိ ရေး၊ ပညာရေး၊  ကျန်းမာရေး၊  သာသနိက အဆောက်အဦတွေ   ဦးစားပေး ပြုပြင် ဆောင်ရွက်ပေးရေး      မှာကြားခဲ့ကြောင်း   သတင်းမှတ်တမ်းများအရ  သိရပါတယ်။
ဗိုလ်မှူးချုပ်ကျော်ကျော်စိုးနဲ့ တာဝန် ရှိသူတွေဟာ ဇွန်လ ၁ ရက်နေ့မှာ အခြေခံ ပညာကျောင်းများ     ပြန်လည်ဖွင့်လှစ် ပညာသင်ကြားနေမှုကို     လှည့်လည် ကြည့်ရှုရာ         မြို့နယ်ပညာရေးမှူးရဲ့ ပြောပြချက်အရ မြေပုံမြို့နယ် တစ်မြို့နယ် လုံး    အထက်တန်း     ကျောင်းသား ကျောင်းသူ  ၂၀၇၃ ဦး၊    အလယ်တန်း ကျောင်းသား  ကျောင်းသူ    ၆၅၁၈   ဦး၊ မူလတန်း     ကျောင်းသား ကျောင်းသူ ၁၆၁၃၄ ဦး စတင်ပညာသင်ကြားနေပြီ ဖြစ်ကြောင်း သိရပါတယ်။
နောက်ပိုင်းရက်တွေမှာလည်း ဗိုလ်မှူး ချုပ် ကျော်ကျော်စိုးနဲ့ မြို့နယ်တာဝန်ရှိသူ တွေဟာ       ရခိုင်ပြည်နယ်အစိုးရနှင့် အလှူရှင်တွေ  ပေးပို့လာတဲ့  ဆန်အိတ် အပါအဝင်   စားရေရိက္ခာခြောက်တွေ၊အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေကို မုန်တိုင်းသင့်ပြည်သူတွေထံ   အမြန်ဆုံး ရောက်ရှိရေး၊       ဆေးရုံဆေးခန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး        ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ပြန်လည်ထူထောင်ရေးရဲ့   အဓိက အရေးအကြီးဆုံး        တစ်ချက်ကတော့ မြို့ရွာတွေ အမြန်ဆုံး လျှပ်စစ်မီးပြန်လည် ရရှိရေးပါ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ကျွမ်းကျင်အားထုတ်မှုကြောင့်     မြေပုံ မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ကစပြီး မြို့ပေါ်ရပ်ကွက် ကိုးခုနဲ့  ကျေးရွာ ငါးရွာ တို့ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင် ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အဓိက  စီးပွားရေးလုပ်ငန်း ဖြစ်တဲ့   ပုစွန်ကန်များလည်း   ပြန်လည် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။   မြေပုံ မြို့နယ်အတွင်းက ပေ ၁၆၅၀၀ ရှိ ငမန်း ရဲကျွန်းတာ အပိုင်း(၁)နဲ့  ပေ ၆၀၀၀  ခန့် ရှိ    ငမန်းရဲကျွန်းတာ     အပိုင်း (၂) တို့ကို သက်ဆိုင်ရာ     ဦးစီးဌာနက   ဘက်ဟိုး တွေ နဲ့     မေ  ၂၁  ရက်မှ    ဇွန်   ၂   ရက် အတွင်း   လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း      သိရ ပါတယ်။
ရှေးဟောင်းမြို့
တကယ်တော့       မြေပုံမြို့ဟာ ဘိုးတော်ဗဒုံမင်းလက်ထက်က    ဝတီ လေးရပ်  အုပ်ချုပ်ရေးနယ်    ဓညဝတီ စီရင်စုနယ်မြေမှာပါဝင်တဲ့  ရှေးဟောင်း မြို့ဖြစ်ကြောင်း သိရပါတယ်။ မြေပုံမြို့နယ် ကို    အရှေ့ဘက်မှာ    အမ်းမြို့နယ်၊ အနောက်ဘက်မှာ   ပေါက်တောမြို့နယ်၊ တောင်ဘက်မှာ   ကျောက်ဖြူမြို့နယ်နဲ့  မြောက်ဘက်မှာ    မင်းပြားမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း   ထိစပ်လျက်ရှိပါတယ်။ လူဦးရေအနေနဲ့  ၁၃၇၆၅၁ ဦးရှိပြီး ရခိုင် တိုင်းရင်းသားအများစု နေထိုင်ကြ​ကြောင်း သိရပါတယ်။  မြေပုံမြို့နယ်မှာ တောင်ကုန်း တောင်တန်း၊ မြစ်၊ ချောင်းများပေါများပြီး ကျွန်းကြီး ၄၄ ကျွန်း၊ ကျွန်းငယ် ၇၆ ကျွန်း ရှိကြောင်း၊ မြစ်ချောင်းတွေလည်း ပေါများ ကြောင်း၊ မြစ်ချောင်းတွေမှာ ရေငန်တွေ ဖြစ်လို့   စိုက်ပျိုးရေးလုပ်ကိုင်ဖို့  ရေချိုရရှိ မှုနည်း​​​ကြောင်း သိရပါတယ်။
ဘာပဲဖြစ်ဖြစ် မြစ်တွေ၊ ချောင်းတွေ၊ ကျွန်းကြီး ကျွန်းငယ်တွေရှိနေတာကြောင့် ပထဝီအနေအထားအရ  သာယာလှပတဲ့ မြို့နယ်တစ်ခုဖြစ်တယ်ဆိုတာ   အထင် အရှားပါပဲ။      နေချင့်စဖွယ်၊   သာယာ နာပျော်ဖွယ်ကောင်းတဲ့   မြို့နယ်လေး တစ်ခုဆိုရင်လည်း   မမှားပါဘူး။    ဒီလို မြစ်ချောင်းအင်းအိုင်တွေ၊ ကမ်းခြေတွေ၊ ကျွန်းတွေနဲ့လှပနေတဲ့        မြေပုံမြို့နယ် လေးကို ထာဝရလှပစေချင်ပါတယ်။
ဒီကနေ့   နိုင်ငံတော်အစိုးရနဲ့  မြန်မာ ပြည်သူတစ်ရပ်လုံးက     မြေပုံ​မြို့နယ် အပါအဝင်    ရခိုင်ပြည်နယ်အတွင်းမှာ ရှိကြတဲ့   မြို့နယ်တွေအားလုံး   ဖွံ့ဖြိုး တိုးတက်စေချင်တယ်၊  တည်ငြိမ်စေချင် တယ်၊  အေးချမ်းစေချင်တယ်၊  လုပ်စီးပွား ကိုင်စီးပွားတွေ  တိုးစေချင်တယ်ဆိုတာ မိုခါက သက်သေပဲ။ မုန်တိုင်းကျရောက် တော့မယ်ဆိုတာ   သိတာနဲ့        မိဘက သားသမီးတွေအပေါ်    စိတ်ပူသလိုပဲ နိုင်ငံတော်   အကြီးအကဲတွေကိုယ်တိုင် စစ်တွေမြို့ကို    အမြန်ဆုံးသွားရောက် တယ်။   စီမံကွပ်ကဲတယ်။    လိုအပ်တဲ့ အထောက်အပံ့တွေ       အချိန်မီရအောင် လုပ်ပေးတယ်။        အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့      တစ်ပြေးညီ ကျောင်းတွေအချိန်မီ      ဖွင့်နိုင်အောင် ဆောင်ရွက်ပေးတယ်။ 
အမိုးအကာအောက်     အမြန်ဆုံး အေးအေးချမ်းချမ်း   သာသာယာယာ နေနိုင်အောင်    ဆောင်ရွက်ပေးတယ်။ ဒါတွေအားလုံးဟာ စိတ်ကောင်းစေတနာ မပါဘဲ လုပ်နိုင်မှာမဟုတ်ပါဘူး။ တကယ့် ကိုပဲ ကောင်းမွန်တဲ့ စေတနာ၊ ချစ်ခင်တဲ့ စိတ်ဓာတ်အပြည့်အဝနဲ့ ကူညီဆောင်ရွက် ပေးခဲ့တယ်ဆိုတာ        မိုခါမုန်တိုင်း  ကူညီကယ်ဆယ်ရေး   လုပ်ငန်းတွေက သက်သေပြနေတယ်ဆိုတာ အသေအချာ ပါပဲခင်ဗျား။       ။