
မိုဂါဒစ်ရှူး ဒီဇင်ဘာ ၁၀
ဆိုမာလီယာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစတင်ကာ ဆိုးရွားသည့် မိုးခေါင်မှုနှင့် ပဋိပက္ခများကြောင့် ရွှေ့ပြောင်း နေထိုင်သူ ၂ ဒသမ ၄ သန်းကျော်အထိ ရှိလာသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီဇင်ဘာ ၉ ရက်တွင် ပြောသည်။
မိုးခေါင်မှုကြောင့် လူပေါင်း ၁ ဒသမ ၃သန်းမှာ အသက်ရှင်ရပ်တည်နိုင်ရေးနှင့် အစားအသောက် ရှာဖွေရေးအတွက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပြီး ၁ ဒသမ ၁ သန်းမှာ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ဆိုမာလီယာအမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများမှာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ယခင်ကတည်းက ကြုံတွေ့ခံစား ရပြီးဖြစ်သည်။ ဆိုးရွားသည့် မိုးခေါင်မှုနှင့် အစားအသောက်ရှားပါးမှုတို့ကြောင့် ယခင်ရှိပြီးသား ခြိမ်းခြောက် မှုများမှာ ပို၍တိုးလာခဲ့သည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောသည်။
ဆိုမာလီယာနိုင်ငံသည် သမိုင်းတွင် အဆိုးရွားဆုံးမိုးခေါင်မှုနှင့် ကြုံတွေ့နေရသည်။ ငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်များနှင့်လည်း ကြုံတွေ့နေရသည်။
ဆင်ဟွာ