
စစ်တွေ ဇွန် ၂၉
ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် May Yu Stars Development Company Limited က အလှူငွေကျပ်သိန်း ၃၀၀၊ ဖူလီလိုက်ကုမ္ပဏီအုပ်စုက အလှူငွေကျပ် သိန်း ၂၀၀၊ ဒေါ်တင် အေး ကျောင်းဆရာမကြီး (ငြိမ်း)က အလှူငွေကျပ် ငါးသိန်းနှင့် ဦးညွှန့်ဝေ-ဒေါ်စုစုခိုင် မိသားစုက အလှူငွေကျပ် သုံးသိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်သည် စက်မှုလယ်ယာဦးစီး ဌာန အမှတ် (၇၂) စက်မှုလယ်ယာ စခန်း၌ ကျင်းပသည့် မိုခါမုန်တိုင်း သင့်တောင်သူများ၏ လယ်ယာ မြေများ ထွန်ယက်ရန် တောင်သူ များအတွက် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်း မှုသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုလယ်ယာ ဦးစီးဌာနအနေ ဖြင့် တောင်သူများ၏ လယ်ယာ မြေများ မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရေးအတွက် လက်တွန်းထွန် စက် ၁၄ စီးနှင့် Mini Tractor ၁၀ စီးကို အခမဲ့ တစ်ရာသီငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ငှားရမ်းပေးမည့် လယ်ယာသုံး စက်ကိရိယာများကို စနစ်တကျ အသုံးပြုတတ်စေရန် အတွက် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်း ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ယခု ဖွင့်လှစ်သင်ကြားပေး မည့် သင်တန်းတွင် စိတ်ပါဝင်စား စွာ လေ့လာသင်ယူ မှတ်သားခြင်း ဖြင့် လယ်ယာမြေများကို နည်း စနစ်မှန်မှန်၊ အချိန်မီ ထွန်ယက် စေနိုင်မည်ဖြစ်ကြောင်း၊ စက် ကိရိယာများကို အသုံးပြုခြင်းဖြင့် အချိန်ကုန် သက်သာခြင်း၊ ငွေကြေးကုန်ကျမှု နည်းပါးခြင်း နှင့် သီးနှံအရည်အသွေး မြင့်မား လာစေခြင်းတို့ကြောင့် တောင်သူ များ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့က စစ်တွေ၊ ရသေ့တောင်နှင့် ပေါက် တောမြို့နယ်များသို့ လယ်ယာသုံး စက်ကိရိယာများကို ပေးအပ်ကြ ပြီး သင်တန်းသား တောင်သူ ၃၆ ဦးကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်တွင်းရေကြောင်း ဦးစီးဌာန ပိုင် မင်းဂံဆိပ်ကမ်း၌ ကူညီ ကယ်ဆယ်ရေး အဖွဲ့ဝင်များက ကုလားတန် - ၆ သင်္ဘောပေါ် သို့ ရသေ့တောင်မြို့နယ်အတွက် ခွဲဝေဖြန့်ဖြူးသည့် အထွက်တိုး မျိုးစပါးအိတ်များ တင်ဆောင်နေ မှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝ ဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီများအလိုက် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်းသည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်