
နေပြည်တော် ဇူလိုင် ၂၁
ယနေ့ ညနေ ၄ နာရီခွဲ တိုင်းထွာချက်အရ နန့်ယင်းမြစ်ရေသည် မိုးကောင်းမြို့တွင် ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့်တွင် ရောက်ရှိ နေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
နန့်ကောင်းမြစ်ရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် လေးပေခန့် တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါ သည်။ မိုး/ဇလ