
မာပူတို ဖေဖော်ဝါရီ ၂၁
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် မိုဇမ်ဘစ်ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်နိုင်ပြီး ဆိုဖာလာ၊ ဇမ်ဘီဇီယာနှင့် အင်ဟမ်းဘိန်းပြည်နယ်များရှိ လူပေါင်း ၇၀၀၀၀ ခန့် မုန်တိုင်းဒဏ်သင့်နိုင်ကြောင်း မိုဇမ်ဘစ်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
သဘာဝဘေးဒဏ်သင့်သူများအတွက် နေရာ ထိုင်ခင်းစင်တာများအဖြစ် အသုံးပြုရန် နေရာ ၁၅ ခုကို သတ်မှတ်ဖော်ထုတ်ထားပြီး ဖြစ်ကြောင်း၊ နေရာထိုင်ခင်း စင်တာအများစုမှာ စာသင်ကျောင်း များဖြစ်ကြောင်း ဆိုဖာလာ၌ ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲ၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး နှင့် လျှော့ချရေး အမျိုးသားအင်စတီကျုမှ ဥက္ကဋ္ဌ ဖြစ်သူ ဝစ်ဆာမက်စ်က ပြောကြားသည်။
မိုးလေဝသအမျိုးသားအင်စတီကျု၏ ထုတ်ပြန် ချက်အရ လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီသည် နိုင်ငံအရှေ့ပိုင်း မက်ဒါဂတ်စ်ကာသို့ ဦးတည်ရွေ့လျားနေကြောင်း သိရသည်။ အာဏာ ပိုင်များက ထုတ်ပြန်သော နောက်ဆုံးရမိုးလေဝသ သတင်းအချက်အလက်များကို လိုက်နာကြရန် ဝစ်ဆာမက်စ်က ပြည်သူများကို တောင်းဆိုထား သည်။
အန္တရာယ်ရှိသည်ဟု ယူဆသော ဒေသများမှ ပြည်သူများကို ဘေးလွတ်ရာသို့ အလျင်အမြန် ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် ဘေးဒဏ်သင့်ပြည်သူများ မြင့်မားလာမှုကို ရှောင်ရှားနိုင်ရန် လျင်လျင်မြန်မြန် တိတိကျကျ လုပ်ဆောင်ကြရန်လည်း မိုဇမ်ဘစ်သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးဦးစီးဌာနက တိုက်တွန်း ထားသည်။
ဆင်ဟွာ