မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ ရိုးရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမများကို  မြတ်နိုးခုံမင်စွာ လေ့လာလိုက်စားပြီး အနာဂတ်ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်း သယ်ဆောင်သွားစေလို

 

မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ ရိုးရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမများကို  မြတ်နိုးခုံမင်စွာ
လေ့လာလိုက်စားပြီး အနာဂတ်ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်း သယ်ဆောင်သွားလိုစိတ်များ 
ကိန်းအောင်းရှင်သန်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်

 

နေပြည်တော်   စက်တင်ဘာ  ၂၀


(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊  အရေး၊  အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၏  ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ယဉ်ကျေးမှုရတနာခန်းမ၌  ကိုဗစ်-၁၉   ရောဂါ   ကာကွယ်တားဆီးရေးဆိုင်ရာ    စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ (၂၃) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊  အရေး၊  အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

 


အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊   နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးစီးကော်မတီ၊      လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


လျင်မြန်စွာ ပြောင်းလဲတိုးတက်နေ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က  အမှာစကားပြောကြား ရာတွင် ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာများ နှင့်  ရုပ်ဝတ္ထုပစ္စည်းများအရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေကြောင်း၊   ထိုအရာများတွင် နယ်စည်းမခြားသော  ပွင့်လင်းလွတ်လပ်မှုဆိုသည့် အယူအဆများနှင့်အတူ လူမှုကွန်ရက်ဆိုရှယ်မီဒီယာ များသည်   အရေးပါသည့်  အခန်းကဏ္ဍတစ်ရပ်ဖြစ် လာကြောင်း၊   ထိုလူမှုကွန်ရက်များကို   အသုံးပြု၍ ပညာရေးနှင့်ကျန်းမာရေးတို့တွင်      ကောင်းသော အကျိုးကို       ဆောင်ရွက်နိုင်သကဲ့သို့      မိမိနိုင်ငံ၏ နိုင်ငံရေး၊  စီးပွားရေး၊  လုံခြုံရေးနှင့်   လူမှုရေးသာမက ယဉ်ကျေးမှုရေးရာ  အခန်းကဏ္ဍများအထိ   မှေးမှိန် သေးသိမ်အောင်၊         ညစ်နွမ်းအောင်      ဝင်ရောက် ထိုးဖောက် မွှေနှောက်နိုင်သည့် အကြောင်းခြင်းရာများ လည်း ရှိနေကြောင်း။

 


အထူးသဖြင့် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်းသယ်ဆောင်ကြမည့်    ဖြူစင်ရိုးဖြောင့် တက်ကြွစွာ ဆန်းသစ်တီထွင်လိုစိတ်နှင့်  စွန့်စားလို စိတ်ကြီးမားလွန်းကြသည့်  မျိုးဆက်သစ်လူငယ်များ အတွက်     အဆိုပါလူမှုကွန်ရက်များကပင်   မိမိတို့ နိုင်ငံ၏ ရေမြေဒေသ သဘာဝလူမှုဘဝ ပကတိအခြေအနေနှင့်ဆက်စပ်မှုမရှိသော       ဆန့်ကျင်ဘက်ဖြစ် သည့်   အစွန်းရောက်အတွေးအခေါ်အမူအကျင့်များ ကို    အနုပညာဆိုသည့်   လူငယ် လူရွယ်အကြိုက် မျက်နှာဖုံးတပ်၍      ထိုးဖောက်ဝင်ရောက်လျက်ရှိ ကြောင်း။ 

 


အနုသုခုမပညာရပ်သည်   နက်နဲသိမ်မွေ့သည့် ပညာရပ်ဖြစ်ကြောင်း၊ စိတ်ခံစားမှုကို  နှိုးဆွလွှမ်းမိုးနိုင်စွမ်းလည်းကြီးမားကြောင်း၊     ရိုင်းသည်ကို ယဉ်အောင်၊  ယဉ်သည်ကို ရိုင်းအောင်လည်းပြုနိုင်စွမ်း ရှိကြောင်း၊  အဖြူကို အမည်း၊ အမည်းကို  အဖြူဖြစ် အောင်  ပြောင်းလဲနိုင်စွမ်းလည်း  ကြီးမားကြောင်း။

 


အလေးအနက်ထားကြိုးပမ်းဆောင်ရွက်


ထို့ကြောင့်     ထိရောက်မှုစွမ်းအား      ကြီးမား ထက်မြက်သည့် အနုသုခုမ ပညာရပ်များမှ    မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အနုသုခုမပညာရပ်များ၏   အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး  ပြန်လည်ကျင်းပနိုင်ရေးကို နိုင်ငံတော်အကြီးအကဲ၏     လမ်းညွှန်ချက်များနှင့် အညီ     တာဝန်ရှိသူ    တာဝန်သိသူများအနေဖြင့် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ  အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း။

 


ဩဂုတ်လက   ကျင်းပခဲ့သည့်  ကျင်းပရေးဦးစီး ကော်မတီ ပထမအကြိမ်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင်   သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊   ဌာနဆိုင်ရာတာဝန်ရှိသူများ၊    ဦးစီး ကော်မတီနှင့်   လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများ၊ ဘာသာရပ်အလိုက် တာဝန်ယူအကဲဖြတ်ကြမည့် အဆို၊  အက၊  အရေး၊  အတီး  ပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ   ကိုယ်စားပြု တက်ရောက်လာသူများက (၂၃) ကြိမ်မြောက်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး  အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်ဆောင်ရွက်ပြီး၊    ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့်   တာဝန်ဝတ္တရားများကို ဆွေးနွေးပြောကြား  အဆုံးအဖြတ်အချို့ကို ရယူခဲ့ကြ ပြီး ဖြစ်ကြောင်း။  

 


ယခုအစည်းအဝေးတွင်   ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအနက်   သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်  ဆောင်ရွက်ရန်ကျန် လုပ်ငန်းကိစ္စရပ်များကို    အပြီးသတ်တင်ပြသွားကြ ရန်ဖြစ်ကြောင်း။ 
တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင်   အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲများ  ကျင်းပနေသည်ကို ရုပ်မြင်သံကြားနှင့်သတင်းစာများတွင်   ထည့်သွင်း ဖော်ပြနေသည့်အတွက်  အများပြည်သူများအကြားပျံ့နှံ့သိရှိစိတ်ဝင်စားနေကြပြီဖြစ်ကြောင်း၊    ဗဟို အဆင့်  ပြိုင်ပွဲကျင်းပရန်အချိန်လည်း   နီးကပ်လာခဲ့ပြီ ဖြစ်ကြောင်း။ 

 


အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်


ထို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏    ဦးတည်ချက်(၉)ရပ်တွင်   ပါဝင်သော လူမှုရေး ဦးတည်ချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်း တို့၏   ဓလေ့ထုံးတမ်းအစဉ်အလာများကို   လေးစား လိုက်နာပြီး   အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာ များ  မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရေး”  ဆိုသည့်   ဦးတည်ချက်နှင့်အညီ  (၂၃)  ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို    နိုင်ငံတော်အဆင့်အနေဖြင့် ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရန် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့်   အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 


ယနေ့ကျင်းပသည့်     လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင်     သက်ဆိုင်ရာကဏ္ဍအလိုက်      မူလ သတ်မှတ်လျာထားသည့် အချိန်ဇယားအတိုင်းဆောင် ရွက်ပြီးစီးမှုများကို   ရှင်းလင်းတင်ပြပေးကြရန်နှင့် လုပ်ငန်းအရှိန်အဟုန်မပျက်  ဆက်လက်ဆောင်ရွက် နိုင်ရေး    အပြီးအပြတ်  ဆုံးဖြတ်ချက်ချမှတ်ရမည့် ကိစ္စရပ်များကျန်ရှိပါက    ဝိုင်းဝန်းဆွေးနွေးတင်ပြ ကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက  ပြိုင်ပွဲကျင်းပမည့် အစီအမံများနှင့်ဆုချီးမြှင့်မည့်   အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက်   ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး  ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က  ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြ သည်။

 


ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်        ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊     ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊     ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာ ဌေးအောင်တို့က    (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ   ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 


ကဏ္ဍအလိုက်ရှင်းလင်း


ထို့နောက်     လုံခြုံရေးဆပ်ကော်မတီ၊    ပြိုင်ပွဲ ကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ် အမှတ်ပေးကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင် စိစစ်ရေးဆပ်ကော်မတီ၊  ဖိတ်ကြားရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီ၊  ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့်    ဂုဏ်ပြုညစာစားပွဲ    ကျင်းပရေး ဆပ်ကော်မတီ၊  ဘဏ္ဍာငွေရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြား ရေး၊     သတင်းထုတ်ပြန်ရေးနှင့်       လှုံ့ဆော်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊  လုပ်ငန်း စစ်ဆေးရေးဆပ်ကော်မတီ၊  တည်းခိုရေးနှင့် ပြိုင်ပွဲ ကျင်းပမည့်နေရာ    အုပ်ချုပ်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက     သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက်  (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်   အမျိုးဂုဏ်၊ ဇာတိဂုဏ်  မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်ရေး၊        တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့်  သွေးစည်းညီညွတ်မှု  ပိုမိုခိုင်မြဲ ရေး၊ တိုင်းရင်းသားများ၏  ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အနုသုခုမ  အဆို၊  အတီး၊  အကများ အရှည်တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊   မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင်     မိမိတို့ ရိုးရာ၊   ယဉ်ကျေးမှုနှင့် အနုသုခုမများကို  မြတ်နိုးခုံမင်စွာလေ့လာလိုက်စားပြီး အနာဂတ်ကာလများတိုင်   ပခုံးပြောင်းလက်ဆင့် ကမ်း    သယ်ဆောင်သွားလိုစိတ်များ  ကိန်းအောင်း ရှင်သန်စေရေး  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်