
ရန်ကုန် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်နှင့် မြန်မာဂေါက်သီး ရိုက်အသင်း (၉)မိုင်တို့ ပူးပေါင်း ကျင်းပသည့် MGC 18th Junior Golf Open Championship 2023 မျိုးဆက်သစ်လူငယ် ဂေါက်သီး ရိုက်ပြိုင်ပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ (၉)မိုင် ပြည်လမ်းရှိ မြန်မာဂေါက်သီး ရိုက်အသင်း၌ ဆက်လက်ကျင်းပ သည်။
ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲ အခမ်းအနား ဆက်လက်ကျင်းပ ရာ မြန်မာဂေါက်သီးရိုက်အသင်း နာယကများ ဖြစ်ကြသော ဦးမြင့် ထွန်း၊ ဦးမျိုးမြင့်နှင့် ဦးမြင့်စိုးတို့က ဂုဏ်ပြုအမှတ်တရ လက်ဆောင် များ ပေးအပ်ရာ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် မှ တွဲဖက်အထွေထွေ အတွင်း ရေးမှူး ဦးမြင့်အောင်၊ Junior Golf Myanmar (JGM) မှ ဒေါ်မြင့်မြင့် သန်း၊ HAN Golf Masters Pte., Ltd ဒါရိုက်တာ ဦးအောင်ထွန်းဦး၊ Double Eagle ကိုယ်စားလှယ် တို့က အသီးသီးလက်ခံရယူသည်။ ယင်းနောက် မြန်မာဂေါက်သီးရိုက် အသင်း ပြိုင်ပွဲကျင်းပရေးဆပ် ကော်မတီဥက္ကဋ္ဌ ဦးချစ်မင်းစံက အသက် ၁၂ နှစ်အောက်သက်တမ်း တွင် နှစ်သိမ့်ဆုများရရှိသော နိုင်ဦးကို (စုစုပေါင်းရိုက်ချက် ၁၇၇ ချက်)၊ ရဲမင်းသန့်(စုစုပေါင်း ရိုက်ချက် ၁၈၅ ချက်) တို့ကို လည်း ကောင်း၊ (စုစုပေါင်းရိုက်ချက် ၁၇၃ ချက်)ဖြင့် တတိယဆုရရှိသော Choi Hwan၊ (စုစုပေါင်းရိုက်ချက် ၁၆၉ ချက်)ဖြင့် ဒုတိယဆုရရှိသော အောင်သန်းထွဋ် (စုစုပေါင်း ရိုက်ချက် ၁၄၂ ချက်)ဖြင့် ပထမဆု ရရှိသော ပြည့်ဖြိုးထွဋ်တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဝါသနာရှင်အဆင့် အမျိုးသမီး ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့် သန်းက အမျိုးသမီးသက်တမ်း တွင် နှစ်သိမ့်ဆုများရရှိသော ဆုလာဘ်အောင် (စုစုပေါင်း ရိုက်ချက် ၁၇၄ ချက်)၊ အိကလျာ သိန်း(စုစုပေါင်းရိုက်ချက် ၂၂၆ ချက်) တို့ကို လည်းကောင်း၊ (စုစုပေါင်း ရိုက်ချက် ၁၇၂ ချက်)ဖြင့် တတိယ ဆုရရှိသော လကျ်ာလေးဖြူ၊ (စုစုပေါင်းရိုက်ချက် ၁၆၈ ချက်)ဖြင့် ဒုတိယဆုရရှိသော မိုးပြည့်စုံ ခင်၊ (စုစုပေါင်းရိုက်ချက် ၁၆၀ ချက်)ဖြင့် ပထမဆုရရှိသော ချိုသာအောင် တို့ကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာဂေါက်သီး ရိုက်အသင်း အတွင်းရေးမှူး ဦးသက်ဇော်လှိုင်က အသက် ၁၄ နှစ်အောက်သက်တမ်း နှစ်သိမ့်ဆု များရရှိသော ဘုန်းသစ်တိုး (စုစု ပေါင်းရိုက်ချက် ၁၈၄ ချက်)၊ ကောင်းဆက်ဝန်း (စုစုပေါင်း ရိုက်ချက် ၁၈၅ ချက်) တို့ကို လည်း ကောင်း၊ (စုစုပေါင်းရိုက်ချက် ၁၈၃ ချက်)ဖြင့် တတိယဆုရရှိသော ကောင်းမြတ်ဟိန်း၊ (စုစုပေါင်း ရိုက်ချက် ၁၇၂ ချက်)ဖြင့် ဒုတိယဆု ရရှိသော ထွန်းထွန်းဦး၊ (စုစုပေါင်း ရိုက်ချက် ၁၆၉ ချက်)ဖြင့် ပထမဆု ရရှိသော ခန့်ဘုန်းလျှန်တို့ကို လည်းကောင်း၊ မြန်မာဂေါက်သီး ရိုက်အသင်းဥက္ကဋ္ဌ ဒေါက်တာ ချိုထွန်းက အသက် ၁၈ နှစ်အောက် သက်တမ်းတွင် နှစ်သိမ့်ဆုများ ရရှိသော ပြည့်စုံအောင် (စုစုပေါင်း ရိုက်ချက် ၁၇၃ ချက်)၊ အာကာမျိုး သန့် (စုစုပေါင်းရိုက်ချက် ၁၇၀ ချက်) တို့ကိုလည်းကောင်း၊ (စုစု ပေါင်းရိုက်ချက် ၁၆၇ ချက်)ဖြင့် တတိယဆုရရှိသော ကောင်း ထက်၊ (စုစုပေါင်းရိုက်ချက် ၁၅၂ ချက်)ဖြင့် ဒုတိယဆုရရှိသော ဟိန်းနိုင်ဇင်၊ (စုစုပေါင်းရိုက်ချက် ၁၄၈ ချက်)ဖြင့် ပထမဆုရရှိ သော အောင်ဗိုလ်ကောင်းသန့် တို့ကို လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ကိုညီလေး ၊ ဓာတ်ပုံ - MGF