
ရန်ကုန် ဩဂုတ် ၁၂
မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး 360 Sports က စီစဉ် ကျင်းပသည့် မျိုးဆက်သစ် အောင်လံလက်ဝှေ့ပြိုင်ပွဲ 360 FIGHT CLUB V ကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူ လက်ဝှေ့ရုံ၌ ကျင်းပရာ ဝိတ်တန်း သုံးတန်း တွဲဆိုင်း ၁၂ ဆိုင်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပြိုင်ပွဲ၌ ၅၄ - ၅၇ ကီလို တန်း သုံးချီပြိုင်ပွဲများ၌ ရှိုင်းထူး (STL)နှင့် ဂျာလ (Python) တို့ ပြိုင်ပွဲတွင် တတိယအချီ၌ ရှိုင်းထူး လက်သီးကြောင့် ဂျာလ အမှတ် စဉ်ရေတွက်ခံရပြီး ဆက်လက် မယှဉ်နိုင်ကာ ဂျာလ အရှုံးပေး လိုက်ရသည်။
ဒေါင်းသတ္တိ(ဒေါင်းမြန်မာ) နှင့် အောင်ရဲနိုင်(Power Punch)တို့ နှစ်ဦးစလုံး သူတင်ကိုယ်တင် ထိုးကြသော် လည်း အောင်ရဲနိုင်ကို အမှတ်ဖြင့် အနိုင်ပေးလိုက် သည်။ နောက်တစ်ပွဲဖြစ်သည့် ထူးစေးဝါး(ရွှေဖူး)က အားမာန် (ရာဇဓိရာဇ်) ကို အမှတ်ဖြင့် အနိုင် ရရှိသွားပြီး စောကဲဒို(Holy Power) နှင့် ကစောထူး (ရိုးရာကျား)တို့ပြိုင်ပွဲတွင် သုံးချီပြည့် ထိုးသော်လည်း အရှုံးအနိုင်မပေါ်ဘဲ ဒိုင်သုံးဦးက စောကဲဒိုကို အနိုင်ပေးလိုက်သည်။ ၆၀-၆၃ ဒသမ ၅ ကီလိုတန်း ပြိုင်ပွဲ၌ ဝင်းဗိုလ်(ရာဇဓိရာဇ်) ထောက်လက်သီး ကြောင့် စောဘီလူး (Power Punch)ကို တတိယ အချီ၌ အလဲထိုးအနိုင်ရရှိသွားသည်။ လောကွားဒူး (တော်ဝင်ရိုးရာ)နှင့် ညီရဲခန့်(YFC)တို့ ပြိုင်ပွဲတွင် သုံးချီပြည့်သော်လည်း အမှတ်ဖြင့်ဆုံးဖြတ်ကာ ဒိုင်နှစ်ဦးက လောကွားဒူးကို အမှတ်ဖြင့် အနိုင် ပေးလိုက်သည်။ ဂေးဒို(STL) နှင့် သားလက်သီး (ရွှေမအူပင်)တို့ ပြိုင်ပွဲတွင် ပထမအချီ၌ သားလက်သီးက အသာစီးထိုးခဲ့ပြီး ဒုတိယအချီ၌ သားလက်သီး ဆက်လက်မယှဉ်ပြိုင်နိုင်၍ ဂေးဒို အနိုင်ရရှိသွားသည်။ နောက်တစ်ပွဲဖြစ်သည့် ဂေါ်ဒိုထူး (ရိုးရာကျား) လက်သီးတွဲလုံးများကြောင့် ပထမအချီတွင် တမာကျား (Smart Fight) အမှတ်စဉ် သုံးကြိမ် ရေတွက်ခံရပြီး အရှုံးပေးလိုက်ရ သည်။
ထို့အတူ ၆၇-၇၁ ကီလိုတန်းပြိုင်ပွဲများ၌ မြတ်သူ (ကျားဘုရင်)က ဂေါ်ထူးဂေး(ရိုးရာကျား)ကို ပထမ အချီနှင့် တတိယအချီအထိ အမှတ်စဉ်ရေတွက် ခံရအောင် ထိုးနိုင်ခဲ့ကာ ဒိုင်သုံးဦးက မြတ်သူကို အနိုင်ပေးလိုက်သည်။ ဇော်သက်နောင်(Knight)က ကျော်ဇေလတ်(ထွန်းထွန်းမင်း)ကို ဒုတိယအချီတွင် အလဲထိုးအနိုင်ရရှိသွားသည်။ မိုက်မိုက်(ရွှေမအူပင်) လက်သီးထိုးချက်များကြောင့် အောင်ကိုမင်း (နဂါးမာန်) ပထမအချီတွင် အရှုံးပေးလိုက်ရသည်။ အာကာဖြိုး(Tiger Gym)နှင့် စောကဲ(YFC)တို့ သုံးချီ ပြည့် ယှဉ်ပြိုင်ထိုးသတ်ကြသော်လည်း အာကာဖြိုး အမှတ်ဖြင့် အနိုင်ရရှိသွားသည်။ အဆိုပါပြိုင်ပွဲတွင် အနိုင်ရရှိသွားသော အားကစားသမားများ ဆီမီး ဖိုင်နယ်သို့ တက်ရောက်သွားကြောင်း သိရသည်။
အာကာစိုး