မျိုးဆက်များအကြား ညီညွတ်မှုအားဖြင့် သက်ရွယ်စုံညီ ကမ္ဘာသစ်ဆီ

၅

 

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

မောင်လူအေး (ရေစကြို)

 

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ  ရှစ် ဘီလီယံ ခန့်ရှိရာ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏  ၁၈  ရာခိုင်နှုန်းခန့်မှာ   လူငယ်များ  ဖြစ်ကြပါ သည်။ 

 


ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို
လျှော့ချနိုင်မည်ဖြစ်


အာဆီယံဒေသတွင်းရှိ လူဦးရေ ၆၅၄  သန်းအနက် ၃၄ ရာခိုင်နှုန်းမှာ  အသက် ၁၅ နှစ်မှ  ၃၅ နှစ်ကြား   လူငယ်များဖြစ် သည်။  လူငယ်များသည်   အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များ၊    နည်းပညာ ဆိုင်ရာ တီထွင်ဖန်တီးသူများ၊  ငြိမ်းချမ်း ရေးဖော်ဆောင်သူများ၊   စွန့်ဦးတီထွင် သူများ၊ ဖွံ့ဖြိုးတိုးတက်မှုကို  ဖော်ဆောင် ပေးနိုင်မည့်   လုပ်သားအင်အားစုများ၊ လူ့စွမ်းအား     အရင်းအမြစ်များဖြစ်ရာ နယ်ပယ်ကဏ္ဍပေါင်းစုံရှိ  လူငယ်ဆိုင်ရာ လုပ်ငန်းစဉ်များတွင်  လူငယ်များ  ထိထိ ရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပုံဖော်ပေးခြင်း  အားဖြင့် မျိုးဆက်များအကြား ပူးပေါင်း ဆောင်ရွက်မှု    ခိုင်မာအားကောင်းစေ သကဲ့သို့ ကြံ့ကြံ့ခံ  ရင်ဆိုင်နိုင်စွမ်းရှိပြီး စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်သည့် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်း အား  တည်ထောင်နိုင်ကာ  ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု     ကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်သည်။

 


အနာဂတ်နိုင်ငံတော်၏  အကောင်း အဆိုးသည်        ယနေ့လူငယ်များ၏ စွမ်းဆောင်ရည်၊     ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊  တာဝန်ယူမှု နှင့်    တာဝန်ခံမှုတို့အပေါ်   မှီတည်နေ သည်။  တိုင်းပြည်၏အခန်းကဏ္ဍအားလုံး တွင် ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး နှင့်    နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေးအတွက်  စနစ်တကျ ပြုစုပျိုးထောင်ပေးရန်    အရေးတကြီး လိုအပ်လျက်ရှိသည်။ အနာဂတ်ကာလ တွင်  အသင့်ဖြစ်နေသည့်  မျိုးဆက်သစ် လူငယ်များ၏ အရေးပါသည့်အခန်းကဏ္ဍ ကို      အသိအမှတ်ပြု၍လည်းကောင်း၊  လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့်  စိန်ခေါ်မှုများ၊ အခက်အခဲများကို  နိုင်ငံ တကာအသိုက်အဝန်းမှ    သိရှိနားလည် စေရန်လည်းကောင်း ရည်ရွယ်၍ ၂၀၀၉  ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကြီးမှ  ဆုံးဖြတ်ချက်အမှတ် (၆၄/၁၃၄)ဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်၍  ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရအဖွဲ့အစည်း များ၊    နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ လူထုများအားလုံးက  နိုင်ငံတကာအဆင့်၊  နိုင်ငံတော်အဆင့်    လူငယ်များအား အသိအမှတ်ပြုဂုဏ်ပြုခြင်း အခမ်းအနား များ  ကျင်းပပြုလုပ်ရန်   တိုက်တွန်းခဲ့ပြီး နှစ်စဉ်   ဩဂုတ်လ  ၁၂   ရက်နေ့တွင်  ကျင်းပပြုလုပ်လျက်ရှိသည်။ 

 


သက်ရွယ်စုံပါဝင်သည့် ကမ္ဘာကြီးပုံဖော် ပေးနိုင်ရေး အရှိန်မြှင့်တင်ဆောင်ရွက်


၂၀၂၂  ခုနှစ်   အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက်  ကုလသမဂ္ဂအဖွဲ့ ကြီးက  ချမှတ်ပေးထားသည့်ဆောင်ပုဒ် မှာ “Intergenerational Solidarity: Creating  a  World for All Ages” “မျိုးဆက်များအကြား           ညီညွတ်မှု အားဖြင့်  သက်ရွယ်စုံညီ  ကမ္ဘာသစ်ဆီ” ဖြစ်ပြီး ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ    ပြည့်မီ နိုင်စေရေးအတွက် မျိုးဆက်များ အချင်း ချင်းကြား ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် သက်ရွယ်စုံပါဝင်သည့် ပိုမိုကောင်းမွန်  သည့် ကမ္ဘာကြီး ဖန်တီးပုံဖော်ပေးနိုင်ရေး  ပိုမိုအရှိန်မြှင့်တင်    ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ 

 


မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်း များ ဟန်ချက်ညီညီ  လက်တွဲဆောင်ရွက် ခြင်းအားဖြင့်  အခက်အခဲအတားအဆီး များကို ကျော်လွှားနိုင်မည်ဖြစ်သကဲ့သို့  ဖွံ့ဖြိုးတိုးတက်မှု   လုပ်ငန်းစဉ်များတွင် မည်သူတစ်ဦးတစ်ယောက်မျှ    ကျန်ရှိ မနေစေရေး   သေချာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်    အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို    ၂၀၁၃ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့အခမ်းအနားကို     “မျိုးဆက်များ အကြား  ညီညွတ်မှုအားဖြင့်  သက်ရွယ် စုံညီကမ္ဘာသစ်ဆီ”       ဆောင်ပုဒ်ဖြင့်  အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းလူငယ် များ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ အရပ်  ဘက်အဖွဲ့အစည်းများမှ     လူငယ်များ၊ မြန်မာနိုင်ငံ  လူငယ်ရေးရာကော်မတီဝင် များ   ပူးပေါင်းပါဝင်၍    နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ  ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 


အာဆီယံအလှည့်ကျဥက္ကဋ္ဌ  ကမ္ဘော ဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အား အာဆီယံ လူငယ်များနှစ်အဖြစ်  သတ်မှတ်ထားရှိ ကာ   “စိန်ခေါ်မှုများကို   အတူရင်ဆိုင် ဖြေရှင်းကြစို့”ဟူသော   ဆောင်ပုဒ်ဖြင့် အာဆီယံအသိုက်အဝန်း တည်ဆောက် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် အာဆီယံလူငယ်များ ပူးပေါင်း ပါဝင်နိုင်မည့်          အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးအတွက်  အရှိန် အဟုန်ဖြင့်  ကြိုးပမ်းဆောင်ရွက်လျက် ရှိပေသည်။ 

 


လူငယ်ဆိုင်ရာ      လုပ်ငန်းစဉ်များ မှတစ်ဆင့်    လူငယ်များအတွက်    ပိုမို ကောင်းမွန်သည့်အနာဂတ်ကို   ဖန်တီး  ပုံဖော်ပေးနိုင်ရေးအတွက် မျိုးဆက်များ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှု  အားကောင်းစေမည့်  မူဝါဒများ  ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉  ကပ်ရောဂါအလွန်   ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များတွင်  လူငယ်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိရာ လူငယ်များ၏ ပူးပေါင်းပါဝင်မှု ဖြင့် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံ ပြန်လည်ကုစားရေး       မူဘောင်နှင့် အကောင်အထည်ဖော်  ဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်များကို     အတည်ပြု နိုင်ခဲ့ပြီးဖြစ်သည်။ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်     (၂၀၂၁-၂၀၂၅)  ကို  အာဆီယံလူငယ်ဆိုင်ရာ       ဝန်ကြီးများ အဆင့် အစည်းအဝေးမှ ၂၀၂၁ ခုနှစ်တွင်  အတည်ပြုပေးနိုင်ခဲ့ပြီး     ယင်းလုပ်ငန်း အစီအစဉ်တွင်  လူငယ်များအတွက် (၁) ပညာရေး၊ (၂)  ကျန်းမာရေးနှင့်  သာယာ ဝပြောမှု၊  (၃)   အလုပ်အကိုင်   အခွင့် အလမ်း၊ (၄) ပူးပေါင်းပါဝင်ဆောင်ရွက်မှု နှင့် (၅) အာဆီယံနှင့်ပတ်သက်၍  သိရှိ နားလည်မှု၊  တန်ဖိုးထားမှုနှင့်   ဝိသေသ လက္ခဏာများ    စသည့်ကဏ္ဍနယ်ပယ် ငါးရပ်ပါရှိပါသည်။

 


၂၀၁၄ ခုနှစ်  မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ ၅၁ ဒသမ ၄ သန်းအနက် အသက်  ၁၅ နှစ်မှ ၁၉   နှစ်အတွင်းသည်   ၉ ဒသမ  ၂၀ ရာခိုင်နှုန်း၊ အသက်  ၂၀ မှ  ၂၄ နှစ်အတွင်း သည် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ အသက်၂၅  နှစ်မှ  ၂၉ နှစ်အတွင်းသည် ၈ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် အသက် ၃၀ မှ ၃၄  နှစ် အတွင်းမှာ  ၇ ဒသမ ၇၅ ရာခိုင်နှုန်းရှိပေရာ  မြန်မာနိုင်ငံလူဦးရေ၏  ၃၄  ရာခိုင်နှုန်းခန့် မှာ အသက်  ၁၅  နှစ်မှ  ၃၅  နှစ်ကြား လူငယ်များ ဖြစ်ကြပါသည်။ 

 


သို့ဖြစ်ရာ    အလုပ်လုပ်နိုင်သော လူငယ်ဦးရေအချိုးအစား  များပြားခြင်း ကြောင့် လူဦးရေဆိုင်ရာ  ပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံသည်  “လူဦးရေ ဆိုင်ရာဆုလာဘ်”    ပိုင်ဆိုင်ထားခြင်း ဖြစ်ပြီး   အကျိုးရှိစွာ  အသုံးချနိုင်မည် ဆိုပါက     နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း  တွေ့ရှိရပါသည်။ ယင်းလူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့်  လူ့စွမ်းအားအရင်းအမြစ် ဖြစ်ပြီး   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ထူးခြားသည့် အင်အားစု တစ်ရပ်လည်းဖြစ်၍          အနာဂတ် ခေါင်းဆောင်များလည်း ဖြစ်ကြပါသည်။ 

 


လူငယ်ဆိုင်ရာ အဓိကကဏ္ဍ ၁၆ခုဖော်ထုတ်


၂၀၁၇    ခုနှစ်    နိုဝင်ဘာလတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့်   မြန်မာနိုင်ငံ  လူငယ်ရေးရာမူဝါဒအရ  လူငယ်ဆိုင်ရာ အဓိကကဏ္ဍ ၁၆ ခု ဖော်ထုတ်ထားရှိရာ ၎င်းတို့မှာ   ပညာရေး၊    ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားသောဘေးဖြစ်စေ တတ်သည့်အန္တရာယ်များ၊  အားကစား နှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင် အခွင့် အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊  စာပေ အနုပညာနှင့်  ယဉ်ကျေးမှု၊  သုတေသန၊ သိပ္ပံနှင့်    နည်းပညာ၊    ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတသုံးစွဲ မှုနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ငြိမ်းချမ်းရေး/ဘဝလုံခြုံရေး၊ ကျား/မ ညီမျှမှု၊ လူ့အခွင့်အရေးနှင့်  နိုင်ငံတကာ ဆက်ဆံရေး စသည့်ကဏ္ဍများဖြစ်သည်။ 

 


အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်


မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒအရ  လူငယ်များ  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်     အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊   ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာနတို့ကို  အဓိကဦးဆောင်သော  ဝန်ကြီးဌာနများ အဖြစ်     သတ်မှတ်ထားရှိသော်လည်း  လူငယ်    ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  နယ်ပယ်များမှာ  ကျယ်ပြန့်သည့်အပြင် အခြား  ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်  အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/   ပြည်နယ်အစိုးရအဖွဲ့  များ၏ လုပ်ငန်းရပ်များ၊  ဆောင်ရွက်ချက် များ၊ ကဏ္ဍများနှင့် ဆက်စပ်လျက်ရှိသည့်  cross-cutting  ကဏ္ဍများဖြစ်ပေရာ  အားလုံးပူးပေါင်းပါဝင်သော ချဉ်းကပ်မှု ပုံစံဖြင့်  ဆောင်ရွက်မှသာ  အောင်မြင်မှု ရရှိနိုင်မည်ဖြစ်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   လူငယ် ရေးရာကိစ္စရပ်များအား စနစ်တကျ ထိထိ ရောက်ရောက်  အကောင်အထည်ဖော်     ဆောင်ရွက်နိုင်စေရန်     ရည်ရွယ်ပြီး     နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁-၈-၂၀၂၁)  ရက်စွဲပါ    အမိန့်အမှတ် (၁၅၁/၂၀၂၁)အရ   ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာနကို အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ အလားတူ (၂-၂-၂၀၂၂)  ရက်နေ့တွင်     ကျင်းပပြုလုပ်ခဲ့သည့်    ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)၏  သဘောတူခွင့်ပြု ချက်အရ  လူငယ်ရေးရာဦးစီးဌာနအား  အရာထမ်း ၃၆၉ ဦး၊ အမှုထမ်း ၁၅၁၁ ဦး စုစုပေါင်း  ၁၈၈၀    ဖြင့်     ဘဏ္ဍာရေးနှစ် အလိုက် တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ရာ   ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အရာထမ်း ၃၃ ဦး၊  အမှုထမ်း   ၁၆၅ ဦး  စုစုပေါင်း   ၁၉၈  ဦးဖြင့်    ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 


အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏  ဦးတည်ချက်(၉)ရပ်အနက်  လူမှုရေးဦးတည်ချက် (၃)ရပ်၊ မြန်မာနိုင်ငံ  ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈- ၂၀၃၀)တို့နှင့်အညီ  မူဝါဒ(၇)ရပ်၊ ရည်မှန်း ချက် (၇) ရပ်၊     လုပ်ငန်းစဉ်  (၁၀) ရပ် ချမှတ်၍  ဆယ်ကျော်သက်လူငယ်များ၏  ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စု စိတ်ဓာတ်များ  ရှင်သန်ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့်  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုး တိုးတက်လာစေရေး     အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ 

 


လူငယ်ရေးရာဦးစီးဌာန  အနေဖြင့် လူငယ်များ၏အခွင့်အရေးများ  အပြည့် အဝရရှိခံစားနိုင်ရေးအတွက်  လူငယ်များ ၏အခွင့်အရေးများ   ကာကွယ်ပေးသည့် ဥပဒေရေးဆွဲပြဋ္ဌာန်း၍  အကောင်အထည် ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထား ရှိပါသည်။   လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်မှာ “လူငယ်အင်အား စွမ်းပကား ဖြင့်  နိုင်ငံ့ဂုဏ်ရောင်  အလင်းဆောင်အံ့” ဖြစ်ပြီး လူငယ်များ၏ ငယ်ရွယ်နုပျိုသည့်  ညီညွတ်သောစွမ်းအားဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ    မြင့်မားတိုးတက်အောင် အလင်းဆောင်ပေးနိုင်ရေး ရည်ရွယ်ခြင်း ဖြစ်သည်။

 


လူငယ်များကို        မှန်ကန်သည့် လမ်းကြောင်းပေါ်သို့   ရောက်ရှိစေပြီး နိုင်ငံတော်ကို    အကျိုးပြုမည့်   နိုင်ငံ့ သားကောင်းများ    ဖြစ်ပေါ်လာစေရေး အတွက် လူငယ်ရေးရာမူဝါဒကို အကောင် အထည်ဖော် ဆောင်ရွက်ရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်သည့်  မြန်မာနိုင်ငံ   လူငယ်ရေးရာ ဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီနှင့်     နေပြည်တော် ကောင်စီ/   တိုင်းဒေသကြီး/   ပြည်နယ် လူငယ်ရေးရာကော်မတီများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၄-၆-၂၀၂၂) ရက်စွဲပါ      အမိန့်ကြော်ငြာစာအမှတ် (၁၁၁/၂၀၂၂)၊ (၁၁၂/၂၀၂၂)၊ (၁၁၃/၂၀၂၂)တို့ဖြင့်      ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ     လူငယ်မျိုးဆက်သစ်များ   အဘက်ဘက်မှ    ဘက်စုံဖွံ့ဖြိုးတိုးတက် စေမည့်  အခွင့်အလမ်းများ  အပြည့်အဝ ရရှိစေရေး    လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ပါ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  အစီ အစဉ်များနှင့် လုပ်ငန်းစီမံချက်များအား ထိရောက်အောင်မြင်စွာ     အကောင် အထည်ဖော်ပေးနိုင်မည်ဖြစ်သည်။

 


အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန  လူငယ်ရေးရာဦးစီးဌာနအနေဖြင့်  အာဆီယံ    လူငယ်ဆိုင်ရာ လုပ်ငန်းများ ဖြစ်သည့်     အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Officials Meeting on Youth-SOMY)၊ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီး များအစည်းအဝေး (ASEAN Ministerial  Meeting on Youth-AMMY)၏  တာဝန်  ဝတ္တရားများကိုလည်း    ဗဟိုချက်ဌာန အဖြစ် ၂၀၂၂   ခုနှစ်  မတ်လမှစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ အာဆီယံ လူငယ်ရေးရာ လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Work Plan on Youth 2021-2025) အပေါ်  အတည်ပြုထောက်ခံ ချက် ပေးပို့ခဲ့ပြီးဖြစ်သကဲ့သို့  အာဆီယံ  လူငယ်ရေးရာ   လုပ်ငန်းအစီအစဉ်များ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အာဆီယံလူငယ်ဆိုင်ရာ ရန်ပုံငွေ အဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀ ကို အခြားအာဆီယံနိုင်ငံများနည်းတူ နှစ်စဉ် ထည့်ဝင်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်  ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေးကို  ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်  ထည့်ဝင် ခဲ့ပြီးဖြစ်ပါသည်။

 


မြန်မာလူငယ်များ       အပါအဝင် အာဆီယံလူငယ်များ၏    ဘက်စုံဖွံ့ဖြိုး တိုးတက်မှုကို   ဖော်ဆောင်ပေးနိုင်မည့် ဒုတိယအကြိမ်မြောက်  အာဆီယံလူငယ် ဖွံ့ဖြိုးမှုဆိုင်ရာ    အညွှန်းကိန်းများ၏ ဦးစားပေး    နယ်ပယ်/   ကဏ္ဍများနှင့် အညွှန်းကိန်းများကို   ၁၁-၃-၂၀၂၂ ရက် နေ့တွင်    ပထမအကြိမ်အဖြစ်    လည်း ကောင်း၊  ၂၄-၃-၂၀၂၂    ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ်     လည်းကောင်း အကြံပြုပေးပို့ခဲ့ပြီးဖြစ်ပါသည်။ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း   အစီ အစဉ် ၂၀၂၅ ပါ လူငယ်များ၏အခွင့်အရေး များကို      မြှင့်တင်နိုင်ရေးဆောင်ရွက် သွားမည့် ရည်မှန်းချက်နှင့်အညီ မြန်မာ လူငယ်များ  အောက်ဖော်ပြပါ အာဆီယံ‌ ဒေသအဆင့်  ဆွေးနွေးပွဲများ၊   ညီလာခံ များ၊ အစီအစဉ်များတွင် ပါဝင်ဆောင်ရွက် ခွင့်ရရှိစေရန်ရည်ရွယ်၍    နေ့စဉ်ထုတ် သတင်းစာများ၊  လူမှုကွန်ရက်စာမျက်နှာ များနှင့် သတင်းမီဒီယာများမှတစ်ဆင့်  အဆိုပါပြိုင်ပွဲများနှင့် အစီအစဉ်များကို အသိပေးဖြန့်ဝေပေးပြီး    သက်ဆိုင်ရာ ဌာန၊  အဖွဲ့အစည်းများနှင့်  ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်- 


(၁)    ဇီဝမျိုးစုံမျိုးကွဲများ    ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်  ပတ်သက်၍ အာဆီယံလူငယ်များ၏    တင်ပြ ဖော်ထုတ်ခြင်းအစီအစဉ်၊ 
(၂)    လန်ချန်း-မဲခေါင်    လူငယ်စွန့်ဦး တီထွင်သူများ တွေ့ဆုံပွဲ၊ 
(၃)    ကမ္ဘာ့အသိဉာဏ်ပစ္စည်း    မူပိုင်ခွင့် အဖွဲ့နှင့်       အာဆီယံဒေသတွင်း ညီလာခံ၊ 
(၄)    အာဆီယံ-ဩစတြေးလျ    လူငယ် စိတ်ကျန်းမာရေးစကားဝိုင်း၊ 
(၅)    ဒုတိယအကြိမ် တရုတ်-အာဆီယံ လူငယ်ပန်းချီပြပွဲ ၂၀၂၂၊ 
(၆)    အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ (ASEAN Youth Debate 2022)၊ 
(၇)    ပထမအကြိမ်     အာဆီယံလူငယ် စကားဝိုင်း(၂၀၂၂) (The First ASEAN Youth Dialogue 2022)  (ကမ္ဘောဒီးယားနိုင်ငံ)၊ 
(၈)    အာဆီယံလူငယ် ဓာတ်ပုံပြိုင်ပွဲ၊ 
(၉)    အီး-အာဆီယံ   စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (ထိုင်းနိုင်ငံ)၊ 
(၁၀)    အာဆီယံလူငယ် ဗီဒီယိုပြိုင်ပွဲ၊ 
(၁၁)    အာဆီယံ ဒစ်ဂျစ်တယ်နည်းပညာစွမ်းဆောင်ရည်မြှင့်တင်မှု   အစီ အစဉ်၊ 
(၁၂)    အာဆီယံ +   စေတနာ့ဝန်ထမ်း လူငယ်များ   တွေ့ဆုံပွဲအစီအစဉ် (ဗီယက်နမ်နိုင်ငံ)၊ 
(၁၃)    အာဆီယံလူငယ်မိတ်ဖက် တွေ့ဆုံ ပွဲ    (စင်ကာပူနိုင်ငံနှင့်   အင်ဒိုနီးရှား နိုင်ငံ)၊ 
(၁၄)    အာဆီယံဘာသာပေါင်းစုံ လူငယ် များတွေ့ဆုံပွဲ (အင်ဒိုနီးရှားနိုင်ငံ)၊ 
(၁၅)    (၉)ကြိမ်မြောက်  အာဆီယံ-ကိုရီး ယား စီးပွားရေးဖိုရမ်၊

 


လူငယ်များ၏  အခန်းကဏ္ဍမြှင့်တင် 


အာဆီယံ    ခေါင်းဆောင်များ၏ အာဆီယံအသိုက်အဝန်း  တည်ဆောက် ရေးတွင် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး    ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည့် လူငယ်များ၏အခန်း ကဏ္ဍနှင့်စွမ်းဆောင်ရည်များကို မြှင့်တင် ခြင်းဖြင့်  ကိုဗစ်-၁၉ ရောဂါ အပါအဝင်  စိန်ခေါ်မှုများအားလုံးကို  ရင်ဆိုင်ဖြေရှင်း သွားရန်  ကတိကဝတ်နှင့်အညီ  မြန်မာ လူငယ်များ၏     ပါဝင်ဆောင်ရွက်ခွင့် အခွင့်အရေးများကို မြှင့်တင်ဆောင်ရွက် ပေးနိုင်ရေး နေ့စဉ်ထုတ်သတင်းစာများ၊  လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်း မီဒီယာများမှတစ်ဆင့် ဖြန့်ဝေပေးလျက် ရှိသည့်အပြင် ပြိုင်ပွဲကျင်းပရေးကော်မတီ များနှင့် အစီအစဉ်အား ဦးစီးဆောင်ရွက် နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်  ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါ သည်။ အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး   အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အတည်ပြု ပြဋ္ဌာန်းမည့် “အာဆီယံလူငယ်နှစ် ၂၀၂၂ ခုနှစ်တွင်   လူငယ်များ၏   အခန်းကဏ္ဍ မြှင့်တင်ခြင်းဖြင့် အာဆီယံအသိုက်အဝန်း  တည်ဆောက်ရေး” အာဆီယံခေါင်းဆောင် များ၏ ကြေညာချက်အပေါ် သဘောထား မှတ်ချက်ပေးပို့နိုင်ခဲ့ပါသည်။

 


၅.၅.၂၀၂၂ ရက်နေ့တွင်  ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  “လက်ရှိအချိန် တွင် လူငယ်လူရွယ်များအနေဖြင့် တိုင်းချစ် ပြည်ချစ်စိတ်၊   မျိုးချစ်စိတ်  နည်းပါးနေ သည်ကိုတွေ့ရကြောင်း၊    ပြည်ပနိုင်ငံများ တွင်   ရောက်ရှိနေသည့်     အချို့သော မြန်မာလူငယ်များ၊  အချို့သော   ပြည်ပ အခြေပြု     မြန်မာအသိုက်အဝန်းများ အနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကင်းမဲ့ စွာဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေ မှန်ကို   မသိရှိဘဲ   နိုင်ငံရပ်ခြားမှနေ၍         တိုင်းပြည်ပျက်စီးအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသည်ကို   တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ အကြား  တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်နှင့် ထိုမှတစ်ဆင့်  မျိုးချစ်စိတ်ရှိရန်၊  မြန်မာ ဟူသောစိတ်ရှိရန်   သင်ကြားဆွေးနွေး လေ့ကျင့်ပေးရန်      လိုအပ်ကြောင်း”  လမ်းညွှန်မှာကြားသွားပါသည်။

 


နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ   သက်ဆိုင်ရာဝန်ကြီးဌာန များက   လူငယ်လူရွယ်များ   အကျင့် စာရိတ္တမြင့်မားစေရေး၊ ပြည်သူ့နီတိကို လေးစားလိုက်နာပြီး   ယဉ်ကျေးလိမ္မာမှု ရှိစေရေးအတွက်    ယဉ်ကျေးလိမ္မာ သင်တန်းများ    ဖွင့်လှစ်သင်ကြားပေး လျက်ရှိသကဲ့သို့   ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ရုပ်မြင်သံကြားအစီအစဉ် များတွင်လည်း ယဉ်ကျေးလိမ္မာ ၃၈ ဖြာ မင်္ဂလာအစီအစဉ်၊  လူငယ်မျိုးဆက်သစ် အစီအစဉ်၊ အသိပညာနှင့် အမှန်တရားနှင့်  ပြည်သူ့နီတိ    ဇာတ်လမ်းတိုများကို ထုတ်လွှင့်   ပြသပေးလျက်ရှိပါသည်။ အလားတူ မြန်မာ့အသံ(ရေဒီယို)မှလည်း  လူငယ်များ  အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက်     လူငယ်ပန်းဥယျာဉ် ပညာပေးဇာတ်လမ်းတို၊ လူငယ်မှတ်သား သုတစကား ဟောပြောချက်နှင့် လူငယ် နှင့်    ပညာရေးအင်တာဗျူးအစီအစဉ် များကို တစ်ပတ်လျှင် နှစ်ကြိမ် ထုတ်လွှင့်  ပေးလျက်ရှိပါသည်။

 


လူငယ်များ  အကျင့်စာရိတ္တမြင့်မား စေရေးနှင့်      တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်    ရှင်သန်ထက်မြက် စေရေးအတွက် ၂၀၂၂   ခုနှစ် မတ်လမှ ဇူလိုင်လအထိ ပြန်ကြားရေးဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာနနှင့်   အားကစား နှင့်      လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲများကို နေပြည်တော်ကောင်စီ အပါအဝင်  တိုင်းဒေသကြီး/  ပြည်နယ် အသီးသီးရှိ မြို့နယ်ပေါင်း ၂၂၁ မြို့နယ်တွင်  ဟောပြောပွဲပေါင်း   အကြိမ် ၂၉၀  ကျင်းပ ပြုလုပ်ခဲ့ရာ      ကျောင်းသား  ကျောင်းသူ    ဆယ်ကျော်သက်လူငယ်     စုစုပေါင်း  ၅၇၆၈၁ ဦး တက်ရောက်ခဲ့ပါသည်။ 

 


ထိခိုက်လွယ်သော    လူငယ်များ အုပ်စုတွင်ပါဝင်သည့်    ပရဟိတဂေဟာ များမှ  လူငယ်များအတွက်  ဒေသန္တရ ဗဟုသုတများ  ရရှိစေရေး၊  လူငယ်များ အကြား   အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်ရေး၊      ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးအတွက် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်(စမတောင်)နှင့်  အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း (YGW)မှ     လူငယ်များ၏    ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း    တစ်နေ့တာ လေ့လာရေးခရီးစဉ်အား ၂၀၂၂   ခုနှစ်  ဇူလိုင်လ ၁၆ ရက်နေ့တွင်  ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ 

 


လူငယ်များ၏ အသက်မွေးဝမ်းကျောင်း
သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိ


ယင်းအပြင် လူငယ်များ၏ အသက် မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေ ရေးအတွက်  လူငယ်ရေးရာဦးစီးဌာနနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်း  ဦးစီး ဌာနတို့ပူးပေါင်း၍    ဝင်ငွေရ  အသက် မွေးဝမ်းကျောင်း   နည်းပညာသင်တန်း များကို   ၂၀၂၂-၂၀၂၃   ဘဏ္ဍာရေးနှစ် အတွင်း    ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။    မျိုးဆက်သစ်လူငယ်များ အသိပညာ       ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိဝါသနာပါသည့်     ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်၊  အားလပ် ရက်များကို   အကျိုးရှိစွာအသုံးချတတ် စေရန်နှင့်   ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်းများ   ရရှိစေရန် ရည်ရွယ်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များမှ ကင်းထောက်လူငယ်၊ လေကြောင်း  လူငယ်၊ ကြက်ခြေနီစေတနာ့ဝန်ထမ်း နှင့်   ယဉ်ကျေးလိမ္မာ  စသည့်သင်တန်း များကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။

 


ယင်းအပြင် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနအနေဖြင့်    နွေရာသီ ကျောင်းပိတ်ရက်      ကာလအတွင်း ကျောင်းသားလူငယ်များ     အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊    ဗလ ငါးတန်         ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး   အသိဉာဏ်ပညာ ထက်မြက်စေရန်ရည်ရွယ်ပြီး  နွေရာသီ  အားကစားသင်တန်းနှင့်  လူငယ်ရေးရာ အသိပညာပေး     ဟောပြောပွဲများကို တစ်နိုင်ငံလုံး            အတိုင်းအတာဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ  မြို့နယ်များတွင်  ကျင်းပပြုလုပ်လျက်ရှိပါသည်။

 


အခြေခံ  အားကစားနည်းတစ်ရပ်ရပ် ကို     လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ပြီး  ဉာဏ်ရည်ထက်မြက် သည့်လူငယ်များ  မွေးထုတ်ပေးနိုင်မည် ဖြစ်ပြီး  စနစ်တကျ ဆက်လက်လေ့ကျင့် ပြုစုပျိုးထောင်ပေးနိုင်ပါက  အားကစား ဖြင့်  နိုင်ငံ့ဂုဏ်ကို  မြှင့်တင်ပေးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်   အားကစားသမားများ  မွေးထုတ်ပေးနိုင်မည်ဖြစ်ရာ    နွေရာသီ အခြေခံ    အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော  နိုင်ငံ့သားကောင်းများ   ဖြစ်လာစေရုံ သာမက အနာဂတ်တွင် နိုင်ငံ့ဂုဏ်ဆောင်  ထူးချွန်အားကစားသမားများ  မွေးထုတ် ပေးနိုင်ရေး     များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

 


အားကစားနှင့်  လူငယ်ရေးရာဝန်ကြီး ဌာန လူငယ်ရေးရာဦးစီးဌာနသည် လူငယ် များ  ဘက်စုံဖွံ့ဖြိုးရေးအတွက် အဓိက ဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိရာ လူငယ်များ၏  အခွင့်အရေးများ  အပြည့်အဝရရှိစေရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ   မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်၏  နယ်ပယ်စုံတွင် လက်ဆင့် ကမ်း     တာဝန်ထမ်းဆောင်ကြမည့်  မျိုးဆက်သစ်လူငယ်များ၏  အရေးပါ သောကဏ္ဍကို ချန်လှပ်မထားဘဲ အဘက် ဘက်မှ မြေတောင်မြှောက် ပြုစုပျိုးထောင်     ပေးသွားမည်ဖြစ်သည်။     သို့ဖြစ်ရာ    နိုင်ငံတော်အစိုးရအနေဖြင့် လူငယ် များ အား   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်  တည်ဆောက်ရေးလုပ်ငန်း  များတွင် အပြည့်အဝ   ပါဝင်ဆောင်ရွက် နိုင်ရေး  အားပေးမြှင့်တင်ပေးလျက်ရှိ ကြောင်း လေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။

 


လူကောင်းလူတော်များ မွေးထုတ်


အချုပ်အားဖြင့်     လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်  အညီ အနာဂတ်ကြယ်ပွင့်ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည်     နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေရာ  လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို တာဝန်ရှိသူများအပါအဝင် မျိုးဆက် သစ်၊ မျိုးဆက်ဟောင်းများ၏   စုစည်း ညီညွတ်မှုစွမ်းအားဖြင့်  ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ        ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အနာဂတ်တွင် ကျန်းမာ ကြံ့ခိုင်သော၊ ကိုယ်ကျင့်တရားကောင်းမွန် သော၊   တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော၊ လူ့ကျင့် ဝတ်၊  လူ့တန်ဖိုးကို   အလေးထား၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သော လူကောင်းလူတော်များ မွေးထုတ်ပေးနိုင် မည်ဖြစ်ပေရာ     ဘက်စုံထူးချွန်သော ယင်းလူငယ်များ၏        စွမ်းပကားဖြင့်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး သက်ရွယ် စုံညီပါဝင်သော၊ လူမှု-စီးပွားဘဝ သာယာ ဖွံ့ဖြိုးတိုးတက်သော၊       သဟဇာတ ဖြစ်သော   အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းအား   ဖန်တီးပုံဖော်ပေးနိုင်မည် ဖြစ်ပါကြောင်းတင်ပြရင်း  ၂၀၂၂   ခုနှစ် အပြည်ပြည်ဆိုင်ရာ  လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။      ။