“မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကျင်းပမည်

 

 

နေပြည်တော် ဖေဖော်ဝါရီ ၁၆


စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ  ယနေ့  မွန်းလွဲပိုင်းက “မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကျင်းပရေး ပြင်ဆင်ဆောင် ရွက်နေမှုများကို      ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 


မျိုးကောင်းမျိုးသန့်   မျိုးစေ့ ထုတ်လုပ်သုံးစွဲမှု  ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့်   လယ်ယာကဏ္ဍ တွင် မျိုးကောင်းမျိုးသန့် မျိုးစေ့ များ     အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော် ၏     လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူ     ဖြစ်စေရန် ရည်ရွယ်၍ “မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကို ဖေဖော်ဝါရီလ တတိယပတ်အတွင်း ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံ     ကျောင်းဝင်း အတွင်း၌      ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 


“လူမှုစီးပွား      တိုးတက်ဖို့၊ မျိုးကောင်းမျိုးသန့်   သုံးကြစို့” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်    ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ        ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွား ခြံများမှ    ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ နှင့်  ဟင်းသီးဟင်းရွက်   သစ်သီး ဝလံ မျိုးစေ့ပျိုးပင် ပြခန်း ပြကွက် များနှင့်  စိုက်ခင်းများ၊    ပုဂ္ဂလိက ပြခန်းများစုံလင်စွာ ခင်းကျင်းပြသ ထားမည်ဖြစ်ပြီး    ပြပွဲရက်များ အတွင်း   စကားဝိုင်းဆွေးနွေးပွဲ များကိုလည်း    ထည့်သွင်းစီစဉ် ပေးသွားမည်ဖြစ်ရာ အနယ်နယ် အရပ်ရပ်မှ လာရောက်လေ့လာကြ မည့် လယ်ယာကဏ္ဍကို စိတ်ဝင် စားသူများအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ    ထုတ်လုပ် အသုံးပြုခြင်းများနှင့် သက်ဆိုင် သည့် ဗဟုသုတများကို စုံလင်စွာ လေ့လာနိုင်ကြမည်  ဖြစ်ကြောင်း သိရသည်။

 


ထိုမှတစ်ဆင့်    ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရေဆင်းတက္ကသိုလ် များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အားကစားကွင်း တွင်  ကျင်းပသည့်  ဝန်ကြီးဌာန ဝန်ထမ်းများ၏    ပထမအကြိမ် ထုပ်ဆီးတိုး     အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊       မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့်    ဦးစီးဌာန ကိုယ်စားပြု     အသင်းများ၏ ထုပ်ဆီးတိုး   အားကစားယှဉ်ပြိုင် မှုများကို       ကြည့်ရှုအားပေး သည်။

  သတင်းစဉ်