
နေပြည်တော် ဖေဖော်ဝါရီ ၂၁
မျိုးစေ့ပြပွဲ ၂၀၂၂ စတုတ္ထနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာ စိုက်ပျိုးပညာရယူဖို့ ICT ကို သုံးကြစို့ ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးပွဲ ပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခေတ်မီဒစ်ဂျစ်တယ် နည်းပညာ၏ အရေးပါပုံနှင့် မိုဘိုင်းဖုန်းကို အသုံးပြု၍ သတင်းအချက် အလက် ရယူသုံးစွဲနည်းများ၊ စိုက်ပျိုးရေး Call Center ဆိုင်ရာ များ၊ အွန်လိုင်းစနစ်ဖြင့် ဆောင် ရွက်ပေးလျက်ရှိသည့် စိုက်ပျိုး ရေးဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများကို လူငယ် စွန့်ဦးတီထွင် (YSI) စိုက်ပျိုးရေး ပညာရှင်များက ဟောပြော ဆွေးနွေးခဲ့ကြပြီး ပြပွဲလာ ပြည်သူ များ၊ တောင်သူလယ်သမားများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကုမ္ပဏီ များမှ ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အွန်လိုင်းစနစ်ဖြင့် တက်ရောက် လေ့လာကြသူများက သိရှိလို သည်များ မေးမြန်းကြရာ သက်ဆိုင်ရာ လူငယ်စွန့်ဦးတီထွင် (YSI) စိုက်ပျိုးရေး ပညာရှင်များ က ပြန်လည်ရှင်းလင်း ဖြေကြား ဆွေးနွေးကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဟော ပြော ဆွေးနွေးခဲ့ကြသည့် လူငယ် စွန့်ဦးတီထွင်(YSI) စိုက်ပျိုးရေး ပညာရှင်များကို အမှတ်တရ လက်ဆောင်များ ဂုဏ်ပြုပေးအပ် သည်။ (ဝဲပုံ)
မျိုးစေ့ပြပွဲ ၂၀၂၂ ကို ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း၌ ဆက်လက် ကျင်းပလျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အထက် တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ လာရောက် လေ့လာခဲ့ကြပြီး အိမ်ခြံဝင်း ဥယျာဉ်ပြကွက်နှင့် အသီးအပွင့် များ လှပဝေဆာနေသော ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ခင်းများကို ကျောင်းသား ကျောင်းသူလေးများက စိတ်ဝင် တစား ကြည့်ရှုလေ့လာကြကာ မိသားစု ဥယျာဉ်စိုက်ပျိုးရန် မျိုးစေ့ပျိုးပင်များ တပျော်တပါး ဝယ်ယူခဲ့ကြသကဲ့သို့ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဟင်းသီး ဟင်းရွက် မျိုးစေ့များကို လက်ဆောင်အဖြစ် ပေးအပ်သည်။
မျိုးစေ့ပြပွဲ ၂၀၂၂ ၏ နောက်ဆုံးနေ့ဖြစ်သော ဖေဖော် ဝါရီ ၂၂ ရက်တွင် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၊ မျိုးစေ့ ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ် တောင်သူများ ပါဝင်ဆွေးနွေးမည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပသွားမည် ဖြစ်၍ စိတ်ပါဝင် စားသူမည်သူ မဆိုတက်ရောက် လေ့လာနိုင် ရန် ဖိတ်ခေါ်ထားကြောင်း သိရ သည်။
သတင်းစဉ်