မိုး၊ မိုးကြိုချေးငွေများနှင့် လက်ဖက်အချိန်စေ့ ကြွေးကျန်များ ကောက်ယူရရှိမှု ဆွေးနွေး

 

သီပေါ    နိုဝင်ဘာ    ၁၀


ရှမ်းပြည်နယ်        မြောက်ပိုင်း ကျောင်မဲမြို့နယ်၌    မိုး၊    မိုးကြို ချေးငွေများ       ထုတ်ချေးထားမှု၊ ကောက်ခံရရှိမှုနှင့်       လက်ဖက် အချိန်စေ့ကြွေးကျန်များ ကောက်ယူ ရရှိမှုနှင့်ပတ်သက်၍       ညှိနှိုင်း အစည်းအဝေးကို  ယနေ့   ညနေ ပိုင်းက       မြို့နယ်အစည်းအဝေး ခန်းမ၌ကျင်းပရာ မြန်မာ့လယ်ယာ        ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေ မန်နေဂျာ      ဦးအောင်ဇော်မိုးက   အမှာစကား ပြောကြားသည်။

 


ထို့နောက်     ကျောက်မဲခရိုင် မြန်မာ့လယ်ယာ   ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ  ဦးကျော်လွင်က အချိန် စေ့လွန်ကြွေးကျန်များ   ကောက်ခံ ရရှိမှုအခြေအနေနှင့် နယ်မြေဒေသ အခြေအနေများကို    တင်ပြရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက     ကြွေးကျန်များ ပြေကျေရေးအတွက်    ဆက်လက် ဆောင်ရွက်ရမည့်       ကိစ္စရပ်များ ကို    ပြောကြားပြီး    မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ နှင့်      မြို့နယ်ချေးငွေအကြံပေး    အဖွဲ့ဝင်များကလည်း     လိုအပ် သည်များ      ဖြည့်စွက်ဆွေးနွေး ကြောင်း သိရသည်။  

စိုင်း(သီပေါ)