MITV News Studio ဆက်တင်ဒီဇိုင်းဆန်းသစ်မှုဖြင့် စတင်ရိုက်ကူးထုတ်လွှင့်

 

ရန်ကုန်   ဒီဇင်ဘာ   ၃


MITV  News  Studio   ဆက်တင် ဒီဇိုင်းဆန်းသစ်မှုဖြင့်      စတင် ရိုက်ကူးထုတ်လွှင့်ခြင်း      အခမ်း အနားကို     ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့      မြန်မာ့အသံနှင့် ရုပ်မြင်သံကြား    MITV   News Studio ၌ ကျင်းပသည်။ 

 


အခမ်းအနားသို့  မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ    ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်နှင့်  တာဝန် ရှိသူများ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီ လီမိတက်မှ   MD   ဦးမင်းမင်းနှင့် တာဝန်ရှိသူများ   တက်ရောက်ကြ သည်။

 


ရှေးဦးစွာ    ညွှန်ကြားရေးမှူး ချုပ်   ဦးရဲနိုင်က  MITV  News Studio   ဆိုင်းဘုတ်ကို  ဖွင့်လှစ် ပေးပြီး       အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးသည်။  ဆက်လက်၍ MITV News Studio  ဆက်တင် ဒီဇိုင်း ဆန်းသစ်တည်ဆောက်မှုကို ဦးရဲနိုင်နှင့်  MD  ဦးမင်းမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (ယာပုံ) နောက်ခံဆက်တင်    ဒီဇိုင်းအသစ် ဖြင့် စတင်အသုံးပြုနိုင်ရန် Smart TV    မျက်နှာပြင်အား     Touch ပြုလုပ်၍ ဖွင့်လှစ်ပေးသည်။

 


 ထို့နောက်   MITV   News Studio  ဆန်းသစ်တည်ဆောက်မှု မှတ်တမ်းဗီဒီယိုအား     ကြည့်ရှု ကြပြီး    သတင်းစတင်ရိုက်ကူးမှု ကို ကြည့်ရှုအားပေးကြသည်။

 


ယင်းနောက်  MITV  News Studio ဆန်းသစ်တည်ဆောက်ပြီး စတင်ရိုက်ကူး     ထုတ်လွှင့်နိုင်မှု အထိမ်းအမှတ်အဖြစ်      MITV အမှတ်တံဆိပ်ပါ      အမှတ်တရ လက်ဆောင်အား  MD ဦးမင်းမင်း က  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ထံ ပေးအပ်သည်။

 


Myanmar International TV Channel (MITV)  ဖွံ့ဖြိုးတိုးတက် ရေးအတွက်       မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့်          ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက်တို့သည် ၂၀၁၀   ပြည့်နှစ်မှစ၍    ပူးပေါင်း ဆောင်ရွက်ခဲ့ရာမှ ယခုအခါ MITV News Studio  နောက်ခံဆက်တင် ဒီဇိုင်း  ဆန်းသစ်တည်ဆောက်ခြင်း ကို    ရွှေသံလွင်ကုမ္ပဏီက    ထိုင်း နိုင်ငံမှ ဂရပ်ဖစ်ပညာရှင်ထံ  အပ်နှံ ရေးဆွဲကာ  ငွေကျပ်   သိန်း  ၁၀၀ ခန့်အကုန်အကျခံ၍       တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ 

 


MITV Channel သည် မြန်မာ နိုင်ငံတွင်       အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့်   တစ်ခုတည်း သော Channel ဖြစ်ပြီး  အစီအစဉ် ကောင်းများ၊ ပြည်တွင်းနှင့်  နိုင်ငံ တကာ    သတင်းများကို    နေ့စဉ် နံနက်  ၇ နာရီမှ  မွန်းလွဲ ၃ နာရီ အထိ ၂၄  နာရီအတွင်း   သုံးကြိမ် သတင်း update  ပြုလုပ်၍   ပုံမှန် ထုတ်လွှင့်လျက်ရှိကြောင်း   သိရ သည်။​​                    

 

သတင်းစဉ်