
နေပြည်တော် ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ် တက္ကသိုလ်တည်ထောင်ခြင်း (၂၄) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ် ပင်မဆောင်ရင်ပြင်၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ်ပါမောက္ခ ချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန် ရှိသူများက တက္ကသိုလ်၏ ရှေ့လုပ်ငန်းစဉ် များအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက မြိတ်တက္ကသိုလ် ဌာနပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်ပြု တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု များကိုလည်းကောင်း၊ ဈေးရောင်းပွဲတော် တွင် ဌာနလိုက် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ မြန်မာ့ ရိုးရာ စားသောက်ဖွယ်ရာများ ရောင်းချ နေမှုများကိုလည်းကောင်း လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်