မြိတ်တက္ကသိုလ် ဘူမိဗေဒကျောင်းသား ကျောင်းသူများ ဘူမိဗေဒဆိုင်ရာ ကွင်းဆင်းဆောင်ရွက်

မြိတ်   စက်တင်ဘာ   ၂၈
မြိတ်တက္ကသိုလ်    ဘူမိဗေဒဌာနက   ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်  ဘူမိဗေဒအထူးပြု ကျောင်း သား  ကျောင်းသူများ၏   ကွင်းဆင်းသင်တန်းကို   စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁၁   ရက် အထိ   တနင်္သာရီတိုင်းဒေသကြီး   ကျွန်းစုမြို့နယ် ပထော်၊ ပထက်ဒေသတွင်  ကွင်းဆင်းလုပ်ငန်းများဆောင်ရွက်ကြသည်။   ရှေးဦးစွာ   မြိတ်တက္ကသိုလ် ပါမောက္ခချုပ်   ဒေါက်တာဝင်းဝင်းသန်းက   လိုအပ် သည်များ  မှာကြားသည်။
အသေးစိတ်သင်ကြားပို့ချ
ထိုသို့    ကွင်းဆင်းသင်ကြားရာတွင်     မြိတ် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်၊ ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နန္ဒာမြင့် မောင်၊ တွဲဖက်ပါမောက္ခ ဦးမြင့်ဆွေတို့က ကျောင်း သား ကျောင်းသူများအား ဘူမိရုပ်သွင်ဆိုင်ရာအချက် အလက်များ၊ ကျောက်လွှာအမျိုး အစားခွဲခြားခြင်းများ၊ ကျောက်လွှာများ တိုင်းတာမှုများ၊ သွင်ပြင်အနေအထား ဘူမိဗေဒ၊    စီးပွားဖြစ်ဘူမိဗေဒ၊   ထရဗေဒဆိုင်ရာ များနှင့်     ဒေသတွင်း   လက်ရှိပင်လယ်ကမ်းရိုးတန်း အနည်ပို့ချမှု ပုံသဏ္ဌာန်များနှင့် ဒေသတွင်း အသေး စား၊ အလတ်စား  စီးပွားရေးအထောက်အကူပြုနိုင် သည့် ဘူမိဗေဒဆိုင်ရာ  လုပ်ငန်းများအကြောင်းကို အသေးစိတ်သင်ကြားပို့ချသည်။
စာမေးပွဲများကျင်းပရန်စီစဉ်
မြိတ်တက္ကသိုလ်အနေဖြင့်      နေ့သင်တန်းများ၊ အဝေးသင် သင်တန်းများကို ပုံမှန်ဖွင့်လှစ်သင်ကြား လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နေ့သင် တန်းကျောင်းသား   ၂၆၁၅  ဦး   တက်ရောက်ပြီး အဝေးသင်သင်တန်းကျောင်းသားဦးရေ  ကျောင်းသား  ၃၉၁၅ ဦး တက်ရောက်လျက်ရှိသည်။  ၁၈-၉-၂၀၂၃  ရက်မှ  ၂၆-၉-၂၀၂၃  ရက်အထိ နေ့သင်တန်းစာမေးပွဲ များကို  အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး  အဝေးသင် သင်တန်း  စာမေးပွဲများကို   ၂-၁၀-၂၀၂၃  မှ ၇-၁၀-၂၀၂၃ အထိ     ပထမအသုတ်    သိပ္ပံဘာသာရပ်များ၊ ၂၀-၁၀-၂၀၂၃ မှ ၂၆-၁၀-၂၀၂၃ အထိ ဒုတိယအသုတ် ဝိဇ္ဇာဘာသာရပ်များဖြစ်ကြသည့်     အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ နှင့် ဒဿနိကဗေဒဘာသာရပ်များ၊ ၁၃-၁၁-၂၀၂၃ မှ ၂၀-၁၁-၂၀၂၃ အထိ တတိယအသုတ် ဝိဇ္ဇာဘာသာရပ် များဖြစ်ကြသည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ  နှင့်   စီးပွားစီမံဘာသာရပ်များ၏    စာမေးပွဲများကို ကျင်းပရန် စီစဉ်လျက်ရှိသည်။
 ယခုကွင်းဆင်းသင်တန်းများသည် ဘူမိဗေဒ ကျောင်းသား    ကျောင်းသူများအတွက်    စာတွေ့ သင်ခန်းစာများကို စာသင်ခန်းထဲတွင် သင်ကြားစေပြီး ဘူမိဗေဒဆိုင်ရာ အချက်အလက်များကို မြေပြင်တွင် ကွင်းဆင်းသင်ကြားခြင်းအားဖြင့် ဒေသတွင်းရှိလူငယ် များ စာတွေ့လက်တွေ့ သိမြင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့်   ကွင်းဆင်းသင်တန်း    ပို့ချခြင်း ဖြစ်သည်။ ကွင်းဆင်းသင်တန်းသို့   ကျောင်းသား ကျောင်းသူ ၇၀ နှင့်ကြီးကြပ်သူ ဆရာ ဆရာမ ရှစ်ဦး ပါဝင်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကောင်းကောင်း(မြိတ်)