မိတ္ထီလာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၀)မှ သင်တန်းဆင်း ဆရာ ဆရာမများ မန္တလေးသို့ လေ့လာရေးခရီးသွားရောက်

မန္တလေး မတ် ၅ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မတ် ၄ ရက်တွင် သင်တန်း ဆင်းခဲ့သော မိတ္ထီလာ ပညာရေး ဒီဂရီကောလိပ် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာ သင်တန်း အမှတ်စဉ် (၇/၂၀၂၀) သစ်လွင် ဆရာဆရာမများအား လုပ်ငန်းခွင်မဝင်မီ မန္တလေးမြို့ သို့ လာရောက်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ အဆိုပါအဖွဲ့သည် မိတ္ထီလာ ပညာရေး ဒီဂရီကောလိပ်မှ မန္တလေးမြို့ မဟာမုနိဘုရားကြီး သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိ ရာ မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့က ကြိုဆိုနှုတ်ဆက်ကြပြီး သင်တန်းဆင်း လေ့လာရေးအဖွဲ့ များသည် မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပြခန်းများကို လေ့လာကြသည်။ ဆက်လက်၍ သစ်လွင် ဆရာ ဆရာမများသည် မန္တလေး မြို့တော် စည်ပင်သာယာရေးရုံး မြို့တော်ခန်းမသို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြိုဆိုနှုတ်ဆက် ကြပြီး တွေ့ဆုံပွဲပြုလုပ်သည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး သင်တန်းဆင်း ဆရာ ဆရာမများက တေးသရုပ် ဖော်များဖြင့် ကပြဖျော်ဖြေကြ သည်။ ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က သစ်လွင် ဆရာ ဆရာမများအား ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၆၄ သိန်းကို ပေးအပ် ချီးမြှင့်သည်။ ယင်းနောက် ဆရာ ဆရာမ များသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ရတနာပုံ အပန်းဖြေဥယျာဉ် စီမံကိန်း၊ နန်းမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာလောက မာရဇိန်စေတီ၊ ကုသိုလ်တော် မြတ်စွာဘုရားနှင့် အမရပူရ မြို့နယ် တောင်သမန်အင်းရှိ ရှေးဟောင်းသမိုင်းဝင် ဦးပိန် တံတားတို့ကို သွားရောက်လေ့လာ ကြည့်ရှုပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး၍ မိတ္ထီလာ ပညာရေး ဒီဂရီကောလိပ် သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ သတင်းစဉ်