
မိတ္ထီလာ ဇန်နဝါရီ ၂
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း ဆောင်ရွက်သော (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်း က ကျင်းပခဲ့သည်။
အဆိုပါ အလယ်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၂၆ ဦးက လွတ်လပ်ရေးနေ့ဆိုင်ရာ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ၊ အထက်တန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက် မှ ၃ ရက်အထိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဇန်နဝါရီ ၄ ရက်တွင် မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံ ၌ ကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနား တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)