
မိတ္ထီလာ မတ် ၂၁
မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ရက်ကန်းစက်ရုံတွင် မတ်လ ၂၁ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ က ဒီဇယ်အင်ဂျင်မီးစက်နှိုးရာ မီးစက် အိတ်ဇောမှ မီးပွားလွင့်စဉ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာမြို့ စက်မှုဇုန် ၄ လမ်းနှင့် ၅ လမ်းကြားရှိ ပိုင်ရှင် ဦးလှမင်း ၏ ရက်ကန်းစက်ရုံ အဆောက်အဦတွင် ဒီဇယ်အင်ဂျင်မီးစက်နှိုးရာမှ မီးပွားလွင့်စဉ်ပြီး ခေါင်မိုးရှိ ဝါပိုးမျှင်များသို့ မီးကူးစက်လောင် မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်များ၊ အထောက်အကူပြုယာဉ်တစ်စီး၊ ရေသယ် ယာဉ်တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။
ယင်းမီးလောင်မှုကြောင့် ပတ်ဝန်းကျင်သို့ မီးကူးစက်မှုမရှိ၊ လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရက်ကန်းစက်ရုံ တစ်ရုံနှင့် ရက်ကန်းစင် ၁၈ စင်၊ ယက်ဖောက်ခုံ သုံးခုံတို့ မီးလောင် ဆုံးရှုံးခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွား သည် ရက်ကန်းစက်ရုံပိုင်ရှင် ဦးလှမင်းအား အမှတ် (၃) နယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင် ရွက်ထားရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ သိန်းမြင့်ကျော်(မိတ္ထီလာ)