မြိတ်မြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိ

 

မြိတ်   အောက်တိုဘာ   ၁၆


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျောင်းသား ကျောင်းသူ ၂၃၇၁၆ ဦးအား ထိုးနှံပေး မည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac)နှင့် ဆေးထိုးအပ်များသည် ယနေ့ မွန်းလွဲပိုင်း က တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

 


ရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများ က မြိတ်လေဆိပ်အတွင်း လွှဲပြောင်းပေးအပ်ခဲ့ရာ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာရင်ရင်နွဲ့ က လက်ခံရယူခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက် ဖြန့်ဖြူးပေးအပ်ခဲ့သည်။  ကိုဗစ်ကာကွယ်ဆေးများတွင် မြိတ်မြို့နယ်မှ ၈၃၁၁ ဦး၊ ကျွန်းစု မြို့နယ်မှ ၇၉၅၉ ဦး၊ ပုလောမြို့နယ်မှ ၃၄၈၂ ဦး၊ တနင်္သာရီမြို့နယ်မှ ၃၉၆၃ ဦးတို့အား ပထမအကြိမ်အဖြစ် မြို့နယ်များအလိုက် ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများနှင့်  မိဘအုပ်ထိန်းသူများကို  မိမိတို့၏ သား/သမီးများ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်  ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ကိုဗစ်ကာကွယ်ဆေးကို အောက်တိုဘာ ၁၇ ရက်မှ စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

      
ခိုင်ထူး(မြိတ် ပြန်/ဆက်)