
နေပြည်တော် မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရှိ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ အတွက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကအလှူ ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာန ချုပ် တိုင်းရန်အောင်ခန်းမ၌ပြုလုပ် ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက မဟာဓမ္မ ကထိက ဗဟုဇနဟိတ ဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကြွရောက်တော်မူပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာတိုင်းမှူးနှင့် တက်ရောက် လာကြသူများက သီတဂူဆရာ တော်ကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါန ဆေးရုံအတွက် တိုင်းစစ်ဌာနချုပ် နှင့် တပ်နယ်တပ်ရင်း၊ တပ်ဖွဲ့များ မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၏ စုပေါင်းလှူဒါန်းသော အလှူငွေကျပ် သိန်း ၁၀၀ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကို တိုင်းမှူးနှင့် တာဝန်ရှိသူများ က သီတဂူဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်း မှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ သီတဂူဆရာ တော်ကြီးသည် မြိတ်မြို့ရှိ စိန်ဂျွန်း မာရီဗီယာနေ ကက်သလစ် ခရစ်ယာန် ပရဟိတကျောင်း ၏ ပင့်ဆောင်ချက်အရ အဆိုပါ ကျောင်းသို့ ကြွရောက်၍ တရား တော်များ ချီးမြှင့်တော်မူသည်။ ထို့နောက် သီတဂူဆရာတော်ကြီး နှင့် တိုင်းမှူးတို့က အဆိုပါ ပရဟိတကျောင်းအတွက် အလှူ ငွေများ ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်