နေပြည်တော် မေ ၂၂
မြိတ်မြို့နယ် လသာကျေးရွာနှင့် တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာ အနီးတွင် မေ ၂၀ ရက်က ယာဉ် တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုး သမီးတစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရ ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန် စွပ်စွဲရေးသား ဖော်ပြလျက်ရှိ သည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ မြိတ်မြို့နယ် လသာကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင် ရွက်နေစဉ် PDF အမည်ခံ အကြမ်း ဖက်သမားများက အဝေးမှ ချောင်း မြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမား များ ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်းနှင့် ဒေသခံပြည်သူ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
ထိုသို့ အကြမ်းဖက်သမား များ၏ ချောင်းမြောင်းပစ်ခတ်ခဲ့ သည့် ဖြစ်စဉ်အပေါ် ဒေသခံ ပြည်သူများ ကြောက်ရွံ့ထိတ်လန့် စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသားကာ လှုံ့ဆော်ဝါဒ ဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်